HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ကိုယ်ပြောတဲ့ အချိန်ကိုပေးနိုင်တဲ့ မင်းသားမျိုးကိုပဲ လိုချင်ပါတယ်' ခရစ္စတီးနားခီ

'ကိုယ်ပြောတဲ့ အချိန်ကိုပေးနိုင်တဲ့ မင်းသားမျိုးကိုပဲ လိုချင်ပါတယ်' ခရစ္စတီးနားခီ

ပရိသတ်အားပေးမှု အများအပြားရရှိထားတဲ့ ဒါရိုက်တာခရစ်(စ)တီး နားခီနှင့်တွေ့ဆုံမေးမြန်းခြင်း..။

မေး-ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲက ဖွင့်ထားတဲ့စတူရီယိုမှာ ''ထာဝရနှောင်ကြိုး'' ဇာတ်ကားကို ရိုက်ကူးထားတာလည်းရှိတော့ အဲဒီမှာရိုက်ရတဲ့ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ-ဒါအရမ်းကောင်းပါတယ်။ အမှန်တိုင်းပြောရရင် အစ်မတို့အတွက် ရုပ်ရှင်စတူရီယိုတွေက အမြဲတမ်းလိုအပ်နေတာပါပဲ။ အစ်မရဲ့ ''ထာဝရနှောင်ကြိုး' ဇာတ်ကားလေးကိုလည်း ဒီစတူရီယိုမှာ လာရောက်ရိုက်ကူးထားတာ ရှိပါတယ်။ ရိုက်ရတာလည်း အရမ်းကို အဆင်ပြေပါတယ်။ ဒါမျိုးက အနုပညာ ရှင်တွေအတွက် မဖြစ်မနေလိုအပ်နေတဲ့အရာမျိုးလည်းဖြစ်ပါတယ်။ အခု အစိုးရက တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတယ်။ နောက်ဂျူတီငှားရမ်းခ ကလည်း အပြင်ထက်စာရင် အများကြီးဈေးသက်သာပါတယ်။ အရမ်းကို အဆင်ပြေပါတယ်။

မေး-Line Walker-2 ဇာတ်ကားကိုယ့်နိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့အခါ တာဝန်ရှိသူတွေက ဖြေလျှော့ပေးသင့်တဲ့အပိုင်း တွေကို လုပ်ပေးတယ်ဆိုတော့ ပြည်တွင်းက အနုပညာရှင် အနေနဲ့ကျတော့ရော ဘယ်လိုမျိုးမျှော်လင့်လဲ။

ဖြေ-ဆင်ဆာကတော့ တစ်ခါတလေမှာလည်းဆင်ဆာအဖွဲ့ကတာဝန်ရှိလူကြီးတွေကိုလည်း အစ်မအနေနဲ့နားလည်ပေးလို့ရပါတယ်။ တစ်ခါတလေ မြင်နေရတဲ့ ပေါက်တက်ကရဇာတ်ကားတွေကျတော့လည်း ဆင်ဆာမဖြတ်လို့ကအဆင်မပြေဘူး။ဒါပေမဲ့လည်း Line Walker-2 ဇာတ်ကားလိုပဲ အစ်မတို့ကိုလည်း အခွင့် အရေးတွေပေးမယ်ဆိုရင် အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အစ်မတို့လည်း လေ့လာထားတာ ရှိပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း ဒီလိုလမ်းတွေပိတ်ပြီးရိုက်တဲ့အခါမှာ ကုန်ကျစရိတ်တွေအရမ်းများတယ်။ ကိုယ်တွေက ဒါတွေကို တတ်နိုင် မလားဆိုတာလည်း စဉ်းစားရပါ တယ်။ ဒါပေမဲ့ အစ်မအခုရိုက် နေတဲ့ ''ထာဝရနှောင်ကြိုးဇာတ် ကားလေးမှာဆိုရင် မင်းသား၊ မင်းသမီးလမ်းလျှောက်တဲ့ အ ခန်းလေးကို မြို့အလယ်မှာ ရိုက်ချင်ပေမယ့် ကိုယ့်မှာ လမ်း ပိတ်နိုင်တဲ့အနေအထားလည်း မရှိပါဘူး။ လမ်းလျှောက်တာ လောက်နဲ့ကြီးကြီးကျယ်ကျယ် လုပ်ချင်တာတော့ မဟုတ်ပါဘူး။ ကြည့်ရတဲ့အပြောင်းအလဲလေးဖြစ် သွားအောင် လုပ်ချင်တဲ့သဘောပါ။

 

မေး-''ထာဝရနှောင်ကြိုး''ဇာတ်ကားရိုက်ကူးမှုအခြေအနေကရော။

ဖြေ-''ထာဝရနှောင်ကြိုး''ဇာတ်ကားကိုရိုက်ကူးရေးပိုင်းမှာ အစ်မတို့က အပိုင်းသုံးပိုင်းခွဲရိုက်ပါတယ်။ အခုလက်ရှိကတော့ နှစ်ပိုင်းရိုက်ပြီးသွားလို့ နှစ်ပတ်လောက်နားနေကြပြီး နောက်ဆုံးအပိုင်းကို ရိုက်ဖို့အတွက် အစ်မတို့ ရော၊ ပါဝင်တဲ့ သရုပ်ဆောင်တွေရောပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေ ကြပါတယ်။ တတိယအပိုင်းကိုတော့ ဒီလ ၁၈ ရက်၊ ၁၉ ရက်လောက်မှာ စရိုက်မယ်။ သင်္ကြန်မတိုင်ခင်မှာပြီးအောင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

 

မေး-ကိုယ်ရိုက်တဲ့ ဇာတ်ကားတွေမှာ ဇဏ်ခီအပြင် အခြားမင်းသားတွေ ကိုရော သုံးသွားဖို့ရှိမလား။

ဖြေ-ကိုဇဏ်ခီနဲ့ပဲရိုက်တယ်ဆိုပြီးတော့ မေးကြတာကလည်း အရင်ကဆိုရင် ဒီမှာလည်းတိုက်ပိုင်မင်းသားတွေဆိုတာရှိပါတယ်။ အစ်မတို့ကျတော့မှ မေးတယ်ဆိုတာကလည်း လင်မယားဖြစ်နေတာကြောင့်လည်း အမေးခံရတာ ဖြစ်ပါတယ်။ နေတိုးပဲဖြစ်ဖြစ်၊ ပြေတီ ဦးပဲဖြစ်ဖြစ် စာချုပ်ချုပ်ထားတဲ့ ထုတ်လုပ်ရေးတိုက်ဆိုရင်လည်း သူတို့စာချုပ်ချုပ်ထားတဲ့ မင်းသား နဲ့ပဲရိုက်မှာပါပဲ။ ဘာကြောင့် ကိုဇဏ်ခီကိုပဲ ရွေးချယ်ရတာလဲလို့ မေးရင် အစ်မကပြန်မေးရမှာက ကိုဇဏ်ခီလိုပဲ ရိုက်ရက်ပေးနိုင်လား။ အလုပ်တွေ အများကြီးကို အကြာကြီးလုပ်ပေးမလား။ အခုသူ နားနေတဲ့အချိန်မှာဆိုရင်လည်း အခြားဇာတ်ကား တွေကို သူသွားရိုက်တာမရှိပါဘူး။ တကယ်လို့ရိုက်ရင်လည်း အစ်မက မကြိုက်ပါဘူး။ တစ်နှစ်လုံးမှာ တစ်ကားပဲရိုက်တယ်။ အဲဒီလိုလုပ်မယ့် မင်းသားပေါ် လာရင်တော့ စဉ်းစားရမှာပါ။ ပြောရရင် ကိုယ့်ကိုကိုယ်ပြောတဲ့အချိန်ကိုပေးနိုင်တဲ့ မင်းသား မျိုးကိုပဲလိုချင်ပါတယ်။

 

မေး-''ဥပါယ်တံမျဉ်'' ဇာတ်ကား ပေါက်ကြားခဲ့ပြီး ဥပဒေအရ ဆောင်ရွက်နေမှုအခြေအ နေတွေကရော လက်ရှိမှာဘယ်လိုရှိလဲ။

ဖြေ-အဓိကကတော့ အစ်မတို့ကလည်း ဥပ ဒေပညာတွေမတတ်ပါဘူး။ အမှန်တရားရ ပါစေလို့ပဲ ဆုတောင်းရတာများပါတယ်။ ဒါမျိုးကိစ္စတွေက တာဝန်ရှိတဲ့လူတွေကလုပ်မှ ပိုအဆင်ပြေမှာပါ။ အစ်မတို့ဖြစ်ခဲ့တဲ့ကိစ္စမှာဆိုရင်လည်း ပထမဆုံးတင်တဲ့သူကို ဥပဒေအရ အရေးယူဖို့လုပ်ပေမယ့် အဲဒီလူက အခြားနိုင်ငံမှာ ထွက်သွားပြီး အလုပ်လုပ် နေပြီလို့သိရပါတယ်။ အဲဒါကြောင့် အစ်မတို့အနေနဲ့ ဘာမှဆက်မလုပ်နိုင်ပါဘူး။

KZYH

#democracytoday

Rate this item
(0 votes)
back to top