HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'လိပ်ပြာစံအိမ်' ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

'လိပ်ပြာစံအိမ်' ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

လက်ရှိရုံတင်ပြသလျက်ရှိသော ''လိပ်ပြာစံ အိမ်''ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီ ၄ ရက်မှစတင်ပြီး ထိုင်းနိုင်ငံရှိ SF Cinema  များ၌ ရုံတင် ပြသသွားမည်ဖြစ်သည်။  ''လိပ်ပြာစံအိမ်ဇာတ်ကားကြီးက အခုထိလည်း ပြည်တွင်းမှာ ရုံတင်ပြသနေဆဲဖြစ်သလို နိုင်ငံတကာမှာလည်း ဆက်ပြီးတော့ ရုံတင်ပြသခွင့်ရဖို့တွေဆောင်ရွက်နေပါတယ်။ အခုလည်း ထိုင်းနိုင်ငံမှာ ရုံတင်ပြသတော့မှာပါ။ကျွန်တော်တို့ဘက်က စီစဉ်ထားတာက နိုင်ငံ ၁၃ နိုင်ငံမှာ ရုံတင်ပြသဖို့စီစဉ်ထားတာဖြစ်တဲ့အတွက် အဲဒီအတိုင်းရုံတင်ပြသနိုင်ဖို့ ဆောင်ရွက်သွားမှာပါ''ဟု Brave Empire Entertainment  ရုပ်ရှင်နှင့် ဗီ ဒီယိုထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ပြည်တွင်း၌ ရုံတင် ပြသခဲ့ပြီး စင်ကာပူနိုင်ငံ၌လည်း ရုံတင်ပြသခဲ့ ပြီးဖြစ်ကြောင်းသိရသည်။ ''လိပ်ပြာစံအိမ်'' ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင်၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဟောင် ကောင်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ လာအိုနှင့်အိန္ဒိယနိုင်ငံတို့တွင် ပြသရန်အတွက် စီစဉ်ထားပြီး ထိုင်းဒါရိုက်တာ ချာချိုင်းခက်နက်စ် (ChartchaiKetnust) မှ ရိုက်ကူးပုံဖော်ကာ သရုပ်ဆောင်နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တုံတုံတို့မှ အဓိကပါဝင်သရုပ်ဆောင်ထားသည်။

NN\

#democracytoday

Rate this item
(0 votes)
back to top