HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ရွှေကြိုနေရာကို တက်သစ်စ ညီငယ် ညီမငယ်တွေနဲ့ ယှဉ်ပြီး မယူထားချင်ဘူး' နေရဲ

'ရွှေကြိုနေရာကို တက်သစ်စ ညီငယ် ညီမငယ်တွေနဲ့ ယှဉ်ပြီး မယူထားချင်ဘူး' နေရဲ

The Naked Ghost ဇာတ်ကားမှာပါဝင် သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်နေရဲ (သရုပ် ဆောင် ခင်လှိုင်ရဲ့သားဖြစ်သူ) နဲ့ တွေ့ဆုံမေးမြန်းခြင်း...။

မေး- လက်ရှိလုပ်ဖြစ်နေတဲ့ အနုပညာ လှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး။
ဖြေ- လက်ရှိမှာတော့ ကျွန်တော် The Naked Ghost ဆိုတဲ့ ဇာတ်ကားလေး ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော်တို့က Naked တီးဝိုင်းကလေးရှိတယ်။ ကျွန်တော့်ကာရိုက်တာက အဲဒီတီးဝိုင်းက အသံဖမ်းအင်ဂျင်နီယာ တစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

မေး- ဘယ်လိုကာရိုက်တာမျိုး တွေကို ပိုပြီးလုပ်နိုင်တယ်လို့ ထင်လဲ။

ဖြေ- ကျွန်တော် ပိုပြီးတော့ လုပ်နိုင်တယ်လို့ထင်တဲ့ ကာရိုက်တာက အက်ရှင်၊ ဒရာမာကာရိုက်တာ တွေကို ပိုလုပ်နိုင်တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကာရိုက်တာစုံ အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ချင်ပါတယ်။ ဟာသ တွေဆိုရင်လုပ်ချင်တယ်။ အဖေကလည်း လူရွှင်တော် တစ် ယောက် ဖြစ်တာကြောင့် ဟာသကိုလည်း လုပ်ချင်တယ်။ ကျွန်တော့် အတွက်ကတော့ ကာရိုက်တာ တွေကို ကြုံရင်ကြုံသလို ရတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ဘယ်လိုကာရိုက်တာမျိုးမဆို လုပ်ချင်ပါတယ်။ ကျွန်တော်ဇာတ်ကားတွေ အခုနောက်ပိုင်း ရိုက် ဖို့တွေရှိပါတယ်။ ရှေ့က ရိုက်ထား တဲ့ဇာတ်ကားတွေလည်း မကြာခင်ထွက်လာတော့မှာပါ။


မေး- ဖခင်ဖြစ်တဲ့ ကိုခင်လှိုင်နဲ့ ရော အနုပညာအလုပ်တွေ ပေါင်း လုပ်ဖို့ရှိမလား။

ဖြေ- ကျွန်တော်အရင်ကတည်းကလည်း အဖေတို့သံချပ်တွေ ဘာတွေ ရေးရင်လည်း ကျွန်တော် ဝင်ရေးဖြစ်တယ်။ သီချင်းတွေကို ဟာသသီချင်းအဖြစ်လုပ်ရင်လည်း ဝင်လုပ်ဖြစ်ပါတယ်။ အဖေကလည်း ကျွန်တော့်ကို အမြဲခေါ်ပါတယ်။ အကျင့်ပါအောင် လုပ်တတ်အောင် လုပ်ခိုင်းတာ ဖြစ်ပါတယ်။ အဖေက သူလုပ်သမျှကို ကျွန်တော့်ကိုတွဲခေါ်တယ်။ အဖေက MTV တွေကို ဒါရိုက်တာအဖြစ်ရိုက်တုန်းက လိုက်သွားတယ်။ အဖေက မအားတော့ ဇာတ်ညွှန်းတွေပေးပြီး မင်းရိုက်ထား လိုက်လို့ပြောသွားတယ်။ ကျွန်တော်ထင်တာက အဖေက မင်းဘယ်လောက် လုပ်တတ်လဲဆိုတဲ့ သဘောနဲ့ ကျွန်တော်ကို ထားသွားတာ ဖြစ်ပါတယ်။ အဖေ့ကျေးဇူးကြောင့်ပဲ နည်းနည်း လုပ်လာတာ ဖြစ်ပါတယ်။
သင်္ကြန်ပြီးနောက်ပိုင်း လောက် တော့ အဖေနဲ့ဇာတ်ကားလေးရိုက်ဖို့တော့ ရှိပါတယ်။

 

မေး- အကယ်ဒမီရွှေကြို ဘာ ကြောင့် မလုပ်ဖြစ်တာလဲ။

ဖြေ- ရွှေကြိုကိုဘာကြောင့် မလုပ် ဖြစ်တာလဲဆိုတော့ ကျွန်တော် အခုလက်ရှိ ရိုက်နေတဲ့ ဇာတ်ကားကလည်း ရိုက်ဖို့ရှိတယ်။ ကိုယ့် ကြောင့် နောက်မကျစေချင်ဘူး။ တစ်ဖက်မှာကလည်း အကယ်ဒမီက တာဝန်ရှိလူကြီးတွေကိုလည်း အားနာတယ်။ အဲဒီအချိန်မှာ ပြန်စဉ်း စားတာက ရွှေကြိုကို ငါမလုပ်ရင်ရော ဖြစ်လားဆိုပြီး စဉ်းစားတယ်။ ကျွန်တော်မလုပ်လည်း ဖြစ်ပါတယ်။ နောက်မှာ တက်သစ်စ ညီငယ်ညီမငယ် တွေရှိတယ်။ ငါက ကလေးတွေနဲ့ယှဉ်ရင် လူကြီးတစ်ယောက်ဖြစ်တယ်။ ကလေး တွေနဲ့ယှဉ်ပြီးတော့ ငါဒီနေရာကို မယူထားချင်ဘူး ကလေးတွေ လုပ်ပါစေဆိုပြီးစဉ်းစား ဖြစ်တယ်။ ကျွန်တော့်ကို ပရိသတ်အများကြီးတော့ မသိသေးဘူးဆိုပေမယ့် အနုပညာအသိုင်းအဝိုင်းက ကျွန် တော့်ကိုသိတယ်။ ဘာတွေလုပ် နေတယ်ဆိုတာလည်းသိတယ်။ ကလေးတွေကကျတော့ အခွင့်အရေးနည်းတယ်။ သူတို့ ရလာတဲ့ အခွင့်အရေးကိုကျွန်တော် မရိုက် ထုတ်ချင်ဘူး။ သူတို့လေးတွေနဲ့ ကျွန်တော်တို့ဆိုတာကလည်း နောက်ပိုင်း ဒီလောကထဲမှာ ပြန် ဆုံကြမှာပဲ။ အဲဒီအချိန်ကျမှ အဖု အထစ်တွေနဲ့မဖြစ်စေချင်ပါဘူး။ ကျွန်တော်က မျက်နှာသစ်တစ် ယောက်ဆိုပေမယ့် အလုပ်လေး တွေက လက်ရှိမှာ လုပ်နေရပြီ။ကလေးတွေနဲ့ကလည်း ပိုပြီးတော့ သင့်တော်တယ်လို့ ထင်ပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top