HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

IZ*One အဖွဲ့ရဲ့ ရှိုးတင်ဆက်မှု ဒုတိယတွဲ ရုပ်သံ၌ပြသတော့မည်

IZ*One အဖွဲ့ရဲ့ ရှိုးတင်ဆက်မှု ဒုတိယတွဲ ရုပ်သံ၌ပြသတော့မည်

ဆိုးလ်၊ မတ် ၁၅

အဖွဲ့ဝင်မိန်းကလေးငယ် ၁၂ ဦးပါဝင်တဲ့ IZ*ONE အဖွဲ့ရဲ့ KST ရုပ်သံမှာ တင်ဆက်နေတဲ့ reality ရှိုးအစီအစဉ်ရဲ့ ဒုတိယအတွဲ တင်ဆက်မှုကိုလာမယ့် မတ် ၂၁ရက် ည ၁၁နာရီမှာ KST ရုပ်သံကနေ တင်ဆက်တော့မှာဖြစ်ပါတယ်။ IZ*ONE အဖွဲ့ဝင်တွေဟာ ဒီအစီအစဉ်မှာ Mission တွေ ဆောင်ရွက်ရမှာဖြစ်ပြီး ဆောင်ရွက်ရမယ့် Mission တွေကတော့ ၎င်းတို့အတူကြီးပြင်းလာတဲ့ ကျောင်းနေဖက်တွေထဲက အသက်ရွယ်တူတွေကိုရော အသက်ကွာခြားတဲ့သူ တွေပါ အစီအစဉ်သို့ ဖိတ်ကြားပါဝင်ထားစေပြီး IZ*ONE အဖွဲ့ဝင်တွေက သူတို့နဲ့အတူ လှုပ်ရှားမှုတွေလုပ်ရင်း ဘယ်သူက မိမိရဲ့ရင်းနှီးလျှို့ဝှက်တဲ့ သူငယ်ချင်းလဲဆိုတာကို ရှာဖွေရမှာဖြစ်ပါတယ်။

ယခုလာမယ့် ဒီအစီအစဉ်မှာ IZ*ONE အဖွဲ့ဝင်တွေရဲ့ချစ်စဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ မြူးကြွဖွယ်ရာ တင်ဆက်မှုတွေကြောင့် မလွတ်တမ်းကြည့်သင့်ကြောင်း သတင်းကဆိုထားပါတယ်။ IZ*ONE အဖွဲ့ဟာ တောင်ကိုရီးယားနဲ့ ဂျပန်အမျိုးသမီးငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ပထမဆုံး ဂီတလှုပ်ရှားမှု Color*Iz ကို ၂ဝ၁၈ခုနှစ် အောက်တိုဘာ ၂၉ရက်မှာပြုလုပ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ တောင်ကိုရီးယားမှာရော ဂျပန်မှာပါ ဂီတအနုပညာဆိုင်ရာလှုပ်ရှားမှုတွေလုပ်နေတာ ဖြစ်ပါတယ်။ 

Ref: all k pop

#democracytoday

Rate this item
(0 votes)
back to top