HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Keep Running ရိုက်ကူးရေးမှာ လက်ဒဏ်ရာရခဲ့တဲ့ အိန်ဂျလာဘေဘီ

Keep Running ရိုက်ကူးရေးမှာ  လက်ဒဏ်ရာရခဲ့တဲ့  အိန်ဂျလာဘေဘီ

ပေကျင်း၊ မတ် ၁၅ 

မြန်မာပရိသတ်နဲ့ မစိမ်းလှတဲ့ တရုတ်မင်းသမီးချော အိန်ဂျလာဘေဘီဟာ မတ် ၁၃ ရက် ညက ရိုက်ကူးရေး ပြုလုပ်ခဲ့တဲ့ Keep Running အစီအစဉ် (ကိုရီးယား running man ရှိုး၏ တရုတ်ဗားရှင်း)မှာ လက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ asiaone သတင်းက မတ် ၁၅ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းကို သူမရဲ့အေဂျင်စီ Sina အင်တာတိန်းမန့်ကလည်း ဝက်ဘ်ဆိုက်မှာ တရားဝင် ဖော်ပြထားပါတယ်။ သူမဟာ Keep Running အစီအစဉ်ကို တရုတ်နိုင်ငံ AnSbon  မြို့မှာရိုက်ကူးနေခဲ့ပြီး လက်ဒဏ်ရာကိုနီးစပ်ရာ ဒေသတွင်း ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။
သတင်းရင်းမြစ်တစ်ခုရရဲ့ ပြောဆိုချက်အရ တော့ သူမဟာ သူမရဲ့ဒဏ်ရာကြောင့် ရိုက်ကွင်း ကို မနှောင့်နှေးစေချင်လို့ ရိုက်ကူးရေးပြီး ဆုံး အောင် ရိုက်စေခဲ့ပြီးမှသာ ဆေးကုသမှုခံယူခဲ့တယ် လို့ သိရပါတယ်။


ဒီရိုက်ကွင်းမှာ အိန်ဂျလာတို့ အဖွဲ့သားတွေဟာ ညအချိန်မှာ ငွေရောင်ဂျက်ကတ်အင်္ကျီ ဝတ်ဆင်ပြီး မိမိအမည်စာရွက်ကို ကျောမှာကပ်ထားရကာ အဖွဲ့ဝင်အချင်းချင်းက ကျောမှာ ရှိတဲ့နာမည်ကို ဆွဲဖြုတ်တမ်းဆော့ရတဲ့ အစီအစဉ်ကို ရိုက်ကူးနေတုန်း ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒါဟာသူမရဲ့ Keep Running အစီအစဉ်မှာ ပါဝင်တင်ဆက်မှုအတွင်း ပထမဆုံးဒဏ်ရာရတာတော့ မဟုတ်ပါဘူး။ ၂ဝ၁၇ခုနှစ် ဇွန်လက ဒီရှိုးရိုက်ကူး နေစဉ်တုန်းကလည်း ချော်လဲကာ ဒဏ်ရာ ရခဲ့ဖူးပါသေးတယ်။ အိန်ဂျလာဟာ Keep Running ရှိုးအစီအစဉ်မှ ခေတ္တနုတ်ထွက်ခဲ့ဖူးပြီး သူ့သား လေးမီးဖွားပြီးချိန် ၂ဝ၁၇ခုနှစ် ဧပြီလမှာ ပြန်လည်ပါဝင် ခဲ့တာဖြစ်ပါတယ်။

Ref: asiaone news

#democracytoday

Rate this item
(0 votes)
back to top