HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကိုယ်ပိုင်တရားဝင် အနုပညာဝက်ဘ်ဆိုက် ဖွင့်လိုက်တဲ့ Zelo  

ကိုယ်ပိုင်တရားဝင် အနုပညာဝက်ဘ်ဆိုက်  ဖွင့်လိုက်တဲ့ Zelo   

ဆိုးလ်၊ မတ် ၁၅ 

ကေပေါ့ပ်အမျိုးသားဂီတအ ဖွဲ့ B.A.P မှအဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယခုအခါတစ်ကိုယ်တော် အနုပညာလှုပ်ရှားနေပြီဖြစ်တဲ့ Zelo  ဟာ သူ့ရဲ့ကိုယ်ပိုင်အနုပညာဝက်ဘ်ဆိုက်ကို မတ် ၁၅ ရက်က စတင်ဖွင့်လှစ်လိုက်ပြီလို့ ယင်းနေ့မှာ သူ့ရဲ့အေဂျင်စီ SNS ရဲ့လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Zelo က ''ကျွန်တော်အခု ကိုယ်ပိုင်တရားဝင် Homepage ဖွင့်လိုက်ပါပြီ။ ယခုကစပြီး ကျွန်တော့်ဝက်ဘ်ဆိုက်ရဲ့ Homepage မှာ ကျွန်တော့်အနုပညာလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အစီအစဉ် အချိန်ဇယားတွေနဲ့အခြားအနုပညာဆိုင်ရာကိစ္စတွေကို တင် ထားတော့မှာ ဖြစ်ပါတယ်။ ကျေးဇူးပြု ပြီး လာဝင်ကြည့်ရှုကြပါ''လို့ ပရိသတ် ကို ဖိတ်ခေါ်ထားပါတယ်။


ဒီဝက်ဘ်ဆိုက်မှာ Zelo ဟာ ခု လောလောဆယ်မှာ သူ့ရဲ့ပရိသတ်တွေကို သူရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်လိုဂိုနဲ့ အသုံးပြုသွားမယ့်အရောင်တွေကို ဖော်ပြထားပါတယ်။ အမည်ရင်းချုံဂျန် ဟောင်ဖြစ်တဲ့ Zelo ဟာ ၁၉၉၆ခုနှစ် မှာ မွေးဖွားခဲ့ပြီး တောင်ကိုရီးယားမှာ နာမည်ရရက်ပ်ပါနဲ့ မယ်လိုဒီ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူဟာ B.A.P အဖွဲ့ နဲ့ပထမဆုံးဆင်ဂယ်လ် '' Never Give Up ''ကို ၂ဝ၁၁မှာ ထွက်ရှိပြီး ဂီတခြေ လှမ်းစခဲ့သူဖြစ်ပါတယ်။

Ref:all k pop

#democracytoday

Rate this item
(0 votes)
back to top