HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ပြောင်းလဲသွားတာတွေ အများကြီးရှိပေမယ့် မပြောင်းလဲတာကတော့ ကျွန်တော်နဲ့ ကျွန်တော့်ပရိသတ်တွေ ကြားထဲက ၁၅ နှစ်တိုင်ရှိခဲ့တဲ့ သံယောဇဉ်ကြိုး ဖြစ်ပါတယ်' ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

'ပြောင်းလဲသွားတာတွေ အများကြီးရှိပေမယ့် မပြောင်းလဲတာကတော့ ကျွန်တော်နဲ့ ကျွန်တော့်ပရိသတ်တွေ ကြားထဲက ၁၅ နှစ်တိုင်ရှိခဲ့တဲ့ သံယောဇဉ်ကြိုး ဖြစ်ပါတယ်' ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

အသက်(၄ဝ)ပြည့် မွေးနေ့ ဖျော်ဖြေပွဲပြုလုပ်တော့မယ့် စိုင်း စိုင်းခမ်းလှိုင်နဲ့တွေ့ဆုံမေးမြန်းခြင်း။

မေး-စိုင်းစိုင်း Birthday Show လုပ်မယ့်အချိန်၊ နေရာလေးတွေ ကို ပြောပြပေးပါ။

ဖြေ-ပွဲကိုတော့ ဧပြီ ၁ဝ ရက်ည ၇နာရီ Thuwunna Bumi မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

မေး-စိုင်းစိုင်းမွေးနေ့ဖျော်ဖြေပွဲ ပြုလုပ်ခဲ့တာ ၁၅ နှစ်တောင်ရှိခဲ့ပြီဆို တော့ စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲ။

ဖြေ-၁၅ နှစ်ဆိုတဲ့အချိန်ကာလ ကြီးက တော်တော်လေးကို ကြာ တာကြောင့် ကျွန်တော်ကိုယ်တိုင် တောင် မယုံနိုင်အောင်ဖြစ်ရပါ တယ်။ ကြားထဲက နှစ်ကာလတွေ မှာပြောင်းလဲတာတွေဖြစ်လာကြ တယ်။ အသက်တွေလည်း ကြီး လာတယ်။ အဝတ်အစားဝတ် တာတွေလည်း ပြောင်းလဲလာကြ တယ်။ကျွန်တော့်သူငယ်ချင်းတွေ ဆိုရင် ကလေးတွေရနေကြပြီ။ ကြားကာလမှာ ပြောင်းသွားတာ တွေကအများကြီးရှိပေမယ့် မ ပြောင်းလဲတာကတော့ ကျွန်တော် နဲ့ ကျွန်တော့်ပရိသတ်တွေကြား ထဲက ၁၅ နှစ်တိုင်ရှိခဲ့တဲ့ သံယော ဇဉ်ကြိုးဖြစ်ပါတယ်။ ပရိသတ်တွေ ရဲ့ချစ်ခြင်းမေတ္တာကိုလည်း အရမ်း ကိုလေးစားပါတယ်။ကျွန်တော့် ရဲ့မွေးနေ့ဖျော်ဖြေပွဲကို ပထမဆုံး စလုပ်တဲ့နှစ်က ဒါရိုက်တာ ဦးမီး ပွားက ကျွန်တော့်ကို ရုပ်ရှင်မင်း သားလုပ်ဖို့ပြောပါတယ်။ ရိုက် မယ့်ဇာတ်ကားမှာ ဖျော်ဖြေပွဲကြီး ကြီးလုပ်နေတဲ့ ဇာတ်ဝင်ခန်းပါ တယ်ဆိုတော့ ကျွန်တော်တို့ပွဲကို ထည့်ရိုက်မယ်။ ကျွန်တော်တို့က လည်းပွဲတစ်ခုလုပ်မယ်လို့ စဉ်းစား ပြီး မွေးနေ့ဖျော်ဖြေပွဲကို စလုပ်ဖြစ် ပါတယ်။ နောက်ပိုင်းနှစ်စဉ်နှစ် တိုင်းမှာ ကိုမောင်မောင်အေး၊ ကို ဆန်းထွဋ်၊ ကျွန်တော်တို့ သူငယ် ချင်းတွေ ငယ်သူငယ်ချင်းတွေနဲ့ အတူတူ စုပေါင်းပြီး စိုင်းစိုင်းရဲ့ မွေးနေ့ဆိုတာကို အကြောင်းပြပြီး တော့ ကျွန်တော်တို့ လုပ်ချင်တာ တွေ ကျွန်တော်တို့ တင်ဆက်ချင် တာတွေကို အကုန်ပေါင်းပြီးတော့ လုပ်ကြပါတယ်။ ကျွန်တော်ပွဲ တွေမှာ ၂ဝဝ၅ ခုနှစ်တစ်နှစ်မလုပ် ဖြစ်ပါဘူး။

မေး-သီချင်းတွေကိုရော ဘယ်လို ရွေးချယ်ထားလဲ။ သီချင်းဘယ် နှပုဒ်လောက်ဆိုဖြစ်မလဲ။

ဖြေ-ကျွန်တော် ည ၇ နာရီ မှာ စတင်ဖျော်ဖြေမယ်။ စိုင်းစိုင်းမွေး နေ့ဖျော်ဖြေပွဲဆိုတာ ဖျော်ဖြေ ပွဲတစ်ခုသက်သက်မဟုတ်ဘဲ အ နယ်နယ်အရပ်ရပ်က ပရိသတ်တွေ နဲ့ရင်းနှီးစွာတွေ့ဆုံတဲ့ပွဲလည်း ဖြစ် ပါတယ်။ ကျွန်တော့်ရဲ့ ဂီတသက် တမ်းတစ်လျှောက်မှာ Album 7 ခွေနဲ့ Live Album နှစ်ခွေထွက် ထားပြီး သီချင်းအပုဒ်ရေ ၁ဝဝ ကျော်လောက်ပိုင်ဆိုင်ထားပြီး အတွဲခွေတွေက သီချင်းတွေ လည်းရှိတယ်။ အခုနောက်ဆုံး ထွက်ထားတဲ့ အခွေထဲက သီချင်း တွေရော အရင်က သီချင်းတွေပါ အခု ပွဲမှာထည့်သွင်းဖျော်ဖြေသွား မှာဖြစ်ပါတယ်။ သီချင်းပုဒ်ရေ ကတော့ အပုဒ်ရေ ၄ဝ နီးပါး လောက်ဆိုဖြစ်မှာပါ။

မေး-စတိတ်စင်ဆိုရင်လည်း ထူး ထူးခြားခြားလုပ်တယ်ဆိုတော့ ဒီ နှစ်ကရောဘယ်လိုပုံစံမျိုးလုပ်ဖြစ် မလဲ။

ဖြေ-စိုင်းစိုင်းမွေးနေ့ဖျော်ဖြေပွဲ မှာ ပထမဆုံးစတင်လုပ်တဲ့နှစ်မှာ တော့ စတိတ်စင်ကို ရိုးရိုးပဲလုပ် ခဲ့ပါတယ်။ ဒုတိယနှစ်ဖျော်ဖြေပွဲ က စပြီးတော့ ကျွန်တော်တို့က ခေါင်းစဉ်တစ်ခုကိုယူပြီး လက်ဝှေ့ ကြိုးဝိုင်းထဲမှာ ဖျော်ဖြေတဲ့ ပုံစံမျိုး ဘားပုံစံ၊ လေယာဉ်ပျံ၊ သရဲ ခြောက်တဲ့အိမ်၊ စက်ရုပ်အကြီး ကြီးတွေပုံစံမျိုးလုပ်ပြီးတော့ ကျွန် တော်တို့ ဖျော်ဖြေတင်ဆက်ခဲ့ ဖူးပါတယ်။ အခုချိန်မှာ ပြန်တွေး ကြည့်လိုက်ရင် ကျွန်တော်တို့ထင် တိုင်းကြဲခဲ့တာမျိုးဖြစ်ပါတယ်။ အဲ ဒီခေတ်အချိန်အခါတုန်းက အ တတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ခဲ့ကြပါ တယ်။ ဒီနှစ်မှာတော့ စိတ်ကူး ယဉ်ကမ္ဘာထဲက ခံတပ်ပုံစံတစ်ခု ကိုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

မေး-ပရိသတ်တွေအတွက် ဘယ် လိုထူးခြားတဲ့အစီစဉ်တွေပါမလဲ။

ဖြေ-အထူးအစီအစဉ်အနေနဲ့ ကတော့ အရင်ဆုံးလက်မှတ်ဝယ် တဲ့ လူအယောက် ၃ဝဝဝ ကရိုး ရိုးလက်မှတ်ကို ကျပ်တစ်သောင်း နဲ့ရမယ်။ စိုင်းစိုင်းအမှတ်တရဦးထုပ်ကိုလည်း ရရှိမှာဖြစ်ပါတယ်။နောက်ထပ်ထူးခြားတဲ့ အစီအစဉ် လေးကတော့ ကျွန်တော့်ပွဲကို လက်မှတ်ဝယ်ယူတဲ့မည်သူမဆို ဘယ်လောက်တန်လက်မှတ်ပဲ ဝယ်ဝယ် လက်ဆောင်ပြန်ပေး ဖို့ရှိပါတယ်။ လက်မှတ်တွေကို တော့ မတ် ၃ဝ ရက်မှာ လက်မှတ် တွေ စရောင်းမယ်။

မေး-စိုင်းစိုင်းမွေးနေ့ဖျော်ဖြေပွဲ ကို မန္တလေးမှာ လုပ်တာနည်းတယ် နော်။

ဖြေ-ဟုတ်ပါတယ်။ မန္တလေးမှာ နှစ်ကြိမ်သွားလုပ်ပါတယ်။၂ဝ၁၂ မှာတစ်ကြိမ်၊ ၂ဝ၁၇မှာ တစ်ကြိမ် နှစ်ကြိမ်လုပ်ဖူးပါတယ်။ ပထမ တစ်ကြိမ်တုန်းက ဖျော်ဖြေနေတုန်း လေတွေ မိုးတွေကျလာလို့ တစ် ဝက်လောက်နဲ့ရပ်နားလိုက်ရ တယ်။ နောက်တစ်ကြိမ်မှာတော့ အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့ပါ တယ်။ နောက်နှစ်တွေများဖျော် ဖြေဖို့ ပရိသတ်တွေကလည်း အား ပေးမယ်၊ လုပ်မယ်ဆိုရင်တော့ မန္တလေးကိုထပ်သွားဖို့ ရှိပါသေး တယ်။

KYZH

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top