HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ပရိသတ်တွေရော ကျွန်မတို့ ငါးယောက်ရော ပျော်စရာကောင်းမယ့် ပွဲလေးတစ်ပွဲ  ဖြစ်မယ်လို့ထင်တယ်' ဆိုတဲ့ တင်ဇာမော်

'ပရိသတ်တွေရော ကျွန်မတို့ ငါးယောက်ရော ပျော်စရာကောင်းမယ့် ပွဲလေးတစ်ပွဲ  ဖြစ်မယ်လို့ထင်တယ်' ဆိုတဲ့ တင်ဇာမော်

The 5ive Concert ဖျော်ဖြေပွဲကြီးတွင် ပါဝင်ဖျော်ဖြေ မည့် တေးသံရှင် တင်ဇာမော်နဲ့တွေ့ ဆုံခိုက် ဖျော်ဖြေပွဲအတွက် ပြင် ဆင်ထားမှုများနဲ့ပတ်သက်ပြီး ယခု လိုပဲ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- The 5ive Concert ဖျော် ဖြေပွဲကြီးအတွက် ပြင်ဆင်ခဲ့ရတဲ့ အချိန်နဲ့ပတ်သက်ပြီးတော့ ပြော ပြပေးပါဦး။

ဖြေ- ဒီဖျော်ဖြေပွဲမျိုးလုပ်ဖို့ အတွက် လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဒီလိုမျိုးပွဲလေး လုပ်ချင်ခဲ့တယ်။ စိတ်ဝင်စားလို့လာမေးကြတာတွေလည်းရှိပါတယ်။လာမေး ကြပေမယ့် ဆုန်သင်း ဗိုက်ကလေး ပူသွားတာကတစ်မျိုး။ ကျွန်မအ ဝေးထွက်သွားလို့ လူမဆုံတာက တစ်မျိုး။ ချောစုကလည်း သူ့ရဲ့ အနုပညာကိစ္စတွေရှိလို့ မပါနိုင် တာကတစ်မျိုး။ နောက် မမီက အ မေရိကန်ရောက်သွားတာက တစ် ဖုံ။ မကော်ကတော့ အမြဲတမ်း အ ဆင်သင့်ရှိခဲ့တယ်။ ဒါပေမဲ့ ဒီ လေးယောက်က အချိန်တွေမပေး နိုင်တာတွေရှိတာကြောင့် အခုလို မျိုး သုံးနှစ်ကြာသွားတာပါ။

မေး- စပွန်ဆာအတွက်လည်း နည်းနည်းခေါင်းစားခဲ့ရတယ်လို့ သိရတယ်။ အဲဒီအပိုင်းကိုလည်း ပြောပြပေးပါဦး။

ဖြေ- လုပ်ချင်တဲ့စိတ်ရှိလို့ ကိုယ် အားနဲ့ ကိုယ်ဘာသာလုပ်ကြမယ် ဆိုပြီးတော့ စပွန်ဆာရှာကြတယ်။ အဲဒီအချိန်မှာ မမီ နဲ့ မကော် တို့ က စပွန်ဆာကိုရှာပေးနိုင်ခဲ့တယ်။စပွန်ဆာရပြီဆိုတဲ့အချိန်မှာ အ ရမ်းကိုပျော်ခဲ့တာ။ ကျေလည်း ကျေနပ်မိတယ်။ ကယ်တင်ရှင်ပေါ် လာသလို ခံစားခဲ့ရတာ။ ဒီပွဲအ တွက် အများကြီးကို အကူအညီ တောင်းခဲ့ဖူးတယ်။ စပွန်ဆာအနေ နဲ့တာဝန်ယူပေးဖို့ပေါ့နော်။ပံ့ပိုး ပေးဖို့ ဒါပေမဲ့လည်း မပံ့ပိုးပေးနိုင် ခဲ့တဲ့ အခြေအနေတွေနဲ့ကြုံခဲ့ တယ်။ အခုတော့ ပံ့ပိုးပေးနိုင်မယ့် သူရှိလာပြီပေါ့နော်။

မေး- ဒီဖျော်ဖြေပွဲကနေပြီးတော့ ပရိသတ်အားပေးမှုကို ဘယ် လောက်အထိ မျှော်လင့်ထားတာ မျိုးရှိလဲ။

ဖြေ- ကျွန်မက ဘယ်လို မျှော်လင့် လဲဆိုတော့ ဒီဖျော်ဖြေပွဲလေးမှာ ဒီငါးယောက်ကပရိသတ်ကို သီ ချင်းနဲ့ သီဆိုဖျော်ဖြေရုံတင်မက ဘူး။ ရယ်ရမယ့်ရသကို ပေးနိုင် မယ်လို့ ကျွန်မကယုံကြည်တယ်။ နောက်တစ်ယောက် နဲ့တစ်ယောက် ကလည်း ပြောမနာဆိုမနာ ညီအစ် မတွေလို ချစ်ကြတဲ့ညီအစ်မတွေ ဖြစ်နေတဲ့အခါကျတော့ တစ် ယောက်နဲ့ တစ်ယောက် ဘယ်လောက် အတိုင်းအတာအထိ ပရိသတ်ကို ပြောပြရမယ်ဆိုတာ အားလုံးသိ ကြတယ်။ အဲဒါကြောင့် ပရိသတ် တွေရော ကျွန်မတို့ငါးယောက်ရော ပျော်စရာကောင်းမယ့်ပွဲလေး တစ် ပွဲဖြစ်မယ်လို့ထင်တယ်။

မေး- ငါးယောက်ဆိုတော့ သီ ချင်းရွေးချယ်ရတဲ့အပိုင်းမှာ ဘယ် လိုရွေးချယ်ခဲ့ရလဲ။

ဖြေ- သီချင်းရွေးချယ်ရတာက တော့ အရမ်းခက်ပါတယ်။ ဘာလို့ လဲဆိုတော့ တစ်ယောက်ချင်းစီ တိုင်းမှာ ပရိသတ်အားပေးခဲ့တဲ့ သီချင်းတွေရှိတယ်။ အဲဒီသီချင်း တွေအကုန်လုံးကို ဖျော်ဖြေဖို့ကျ တော့ နည်းနည်းလေးအခက်အခဲ ရှိတယ်။ အဲဒါကြောင့် သီချင်းရွေး ချယ်တဲ့နေရာမှာ ခက်ခဲတယ်။

မေး- ဖျော်ဖြေပွဲအတွက်ကိုရော ဘယ်လိုစီစဉ်ထားလဲ။

ဖြေ- ဘယ်လိုဖျော်ဖြေမယ် ဆိုတာ ကိုတော့ ကျွန်မအနေနဲ့ အသေး စိတ်ကြီးမပြောပြချင်ဘူး။ ပွဲထွက် လာတဲ့အချိန်မှ အားလုံးကို ချပြ ချင်တာပေါ့နော်။ ဖျော်ဖြေပွဲက အဓိပ္ပာယ်လည်းရှိမယ်ပေါ့နော်။ ပွဲ နဲ့ကိုက်အောင် အတင်းဖျစ်ညှစ်ပြီး တော့ လုပ်ထားတာမျိုးလည်းမ ဟုတ်ဘူး။ တကယ်လည်း ရှေ့မှာ အကြောင်းတရားတွေရှိလို့ ဒီစင် ပေါ် မှာ အတူတူဆိုပြကြမယ် သီ ချင်းတွေလည်းရှိတယ်။

မေး- ''ကမ္ဘာမြေငြိမ်းချမ်းပါစေ'သီချင်းကို Group လိုက် ပြန်သီဆိုဖြစ်တာနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ- Group Song လုပ်ဖြစ် တာက အရင်တုန်းက ဒီဖျော်ဖြေပွဲ လုပ်မယ်ဆိုပြီးတော့ စီစဉ်တုန်းကွမသကစှသညါ လုပ်ဖို့အစီအစဉ်မရှိ ဘူး။ နောက်မမီက ဒီပွဲအတွက်ကို ရည်စူးပြီးတော့ Group Song လေးတစ်ပုဒ် လုပ်မယ်ဆိုပြီးတော့ ပြောလာတယ်။ အဲဒါနဲ့ အားလုံး လည်း သဘောတူညီပြီးတော့ သီ ချင်းရွေးပြီးတော့ ဒီသီချင်းလေးကို လုပ်ဖြစ်သွားတာပါ။

NN

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top