HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အစ်ဂီအဇီလာရှဲ့Sally Walker ဂီတဗီဒီယိုထွက်ရှိလာ

အစ်ဂီအဇီလာရှဲ့Sally Walker ဂီတဗီဒီယိုထွက်ရှိလာ

ဟောလိဝုဒ်၊ မတ် ၁၉ - သြစတျေးလျလူမျိုး အမျိုးသမီး ရက်ပ်ပါနဲ့ တေးရေးဆရာ အစ်ဂီအဇီလာရဲ့ သီချင်း သစ် ''Sally Walker'' ရဲ့ ဂီတဗီဒီယို မတ် ၁၈ ရက်က ထွက်ရှိလာပြီလို့ Contact Music ကဖော်ပြခဲ့ပါတယ်။

ဒီသီချင်းဟာ ရက်ပ်နဲ့ ဟစ်ဟော့ဂီတအသားပေးသီချင်းဖြစ်ကာ သူမရဲ့ ဒုတိယ မြောက် အယ်လ်ဘမ် ''In My Defease'' မှာပါဝင်တဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်း ဟာ US ရက်ပ်ချပ်ရဲ့ ထိပ်တန်းစာရင်းဝင်လည်း ဖြစ်ပါတယ်။ ဒီဂီတဒီဗီဒီယိုကို အနက် ရောင်ဈာပနအပြင်အဆင်တွေနဲ့ ဖန်တီးပုံဖော်ထားပြီး အစ်ဂီအဇီလာဟာလည်း ဒီဗီဒီယို ထဲမှာ အနက်ရောင် ဖက်ရှင်အလန်းစားတွေနဲ့ ပါဝင်ထားပါတဲ့ ဒီဂီတဗီဒီယိုကို Youtube မှာရှာဖွေကြည့်ရှုနိုင်ပါတယ်။

အစ်ဂီအဇီလာဟာ ၁၉၉ဝ ပြည့်နှစ်မှာမွေးဖွားခဲ့ပြီး တေးဆိုတေးရေးသာမက ရုပ်သံ တင်ဆက်သူအဖြစ်ပါ လုပ်ကိုင်နေပါတယ်။ သူမဟာ ဂီတအလုပ် လုပ်ကိုင်ဖို့ အသက် (၁၆) နှစ်အရွယ်ကတည်းက သြစတျေးလျကနေ အမေရိကကို ပြောင်းရွှေ့လာခဲ့ကာ လော့စ် အိန်ဂျလိစ်မှာ အခြေချနေထိုင်တဲ့သူ ဖြစ်ပါတယ်။

Ref: contctmusic

Rate this item
(0 votes)
YMG

back to top