HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

KARD အဖွဲ့ရဲ့ "Bomb Bomb" သီချင်းသစ်မှ အရိုင်းဆန်တဲ့ ဓာတ်ပုံတွေ ထွက်ရှိလာ

KARD အဖွဲ့ရဲ့ "Bomb Bomb" သီချင်းသစ်မှ အရိုင်းဆန်တဲ့ ဓာတ်ပုံတွေ ထွက်ရှိလာ

ဆိုးလ်၊ မတ် ၂ဝ

ကေပေါ့ပ်ဂီတလောကမှာ ထူးခြားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီး ရောနှောပါဝင်ဖွဲ့စည်းထားတဲ့ KARD အဖွဲ့ ဟာ ၎င်းတို့ရဲ့ သီချင်းသစ် "Bomb Bomb" ရဲ့ ဂီတဗီဒီယိုမှာပါဝင်တဲ့ ဆန်းသစ်ပြီး အရိုင်းဆန်တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ရှိလာပြီဖြစ်ပါတယ်။ ၎င်းအဖွဲ့ဟာ အချိန်အတန်ကြာ ဂီတ လှုပ်ရှားမှုတွေ ငြိမ်သက်နေရာမှ ယခုလ ဒုတိယပတ်ထဲမှာ အနုပညာအလုပ်တွေ ပြန်လည်လှုပ်ရှားလာတာဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေထဲမှာ အဖွဲ့သားတွေဖြစ်တဲ့ J.Seph, B.M, Somi နဲ့ Jiwoo တို့ဟာ ဆွဲဆောင်မှုရှိပြီး တောသဘာဝအရိုင်းဆန် တဲ့ဟန်ပန်နဲ့ ပို့စ်တွေပေးကာ မီးတောက် တွေ၊ ရေအိုင်တွေနားမှာ ရိုက်ကူးထားတာ ကို တွေ့ရမှာပါ။ "Bomb Bomb" သီချင်းဟာ အီလက်ထရွန်နစ် ပေါ့ပ်ဂီတအမျိုး အစားဖြစ်ပြီး သူတို့အဖွဲ့ရဲ့ နောက်ဆုံးထွက် ဒစ်ဂျစ်တယ်ဆင်ဂယ်လ် ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ တရားဝင်ဗားရှင်းအပြည့် ထွက်ရှိမယ့်ရက်က မတ် ၁၇ ရက်ဖြစ်ပြီး DSP မီဒီယာကနေ ဖြန့်ချိမှာပါ။


KARD အဖွဲ့ဟာ ၂ဝ၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး သူတို့ရဲ့ ပထမဆုံး EP  ဖြစ်တဲ့ "Hola Hola" ကို ၂ဝ၁၇ ဇူလိုင် ၁၇ ရက်မှာ ထွက်ရှိခဲ့ပါတယ်။ ၎င်းတို့ အဖွဲ့ဟာ အဓိကအားဖြင့် အီလက်ထရွန် ဂီတ၊ hiphop  နဲ့ အကသီချင်းတွေကို အဓိက ဖန်တီးသီဆိုလေ့ရှိပါတယ်။

Ref: all k pop

#democracytoday

Rate this item
(0 votes)
back to top