HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သွေးနှောဖြစ်ရတာ ဂုဏ်ယူကြောင်း ပြောလိုက်တဲ့ The Rock

သွေးနှောဖြစ်ရတာ  ဂုဏ်ယူကြောင်း ပြောလိုက်တဲ့ The Rock

ဟောလိဝုဒ်၊ မတ် ၂ဝ

ဟောလိဝုဒ်စတားတစ်ဦးဖြစ်တဲ့ ပရိသတ်တွေက ချစ်စနိုးနဲ့ The Rock လို့ခေါ်တဲ့ ဒိန်းဂျွန်ဆင်ဟာ လူမည်း-ဆာမိုရန် သွေး နှောတစ်ဦးဖြစ်တာကို အတည်ပြုခဲ့ပြီး ဒီအတွက်လည်း သူဟာဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။ ဟောလိဝုဒ်စတားနဲ့ WWE ချန်ပီယံတစ်ဦးဖြစ်တဲ့ The Rock ဟာ ပရိသတ်တွေနဲ့ မီဒီယာတွေ့ဆုံပွဲလုပ်ခဲ့ပြီး ပရိသတ်တွေရဲ့မေးခွန်းကို ဖြေကြားရာမှာ ယခုလို ထည့်သွင်းပြောခဲ့တာပါ။

သူရဲ့ဖခင်ဟာ ရော့ကီ တောင်တန်းသား လူမည်းတစ်ဦးဖြစ်ပြီး မိခင်ကတော့ ဆာမိုရန်မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပါတယ်။ သူက ဒါနဲ့ပတ်သက်ပြီး တွစ်တာမှာ ''ကျွန်တော်အနေနဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အပေါင်းအသင်းတွေက သွေးနှောတစ်ဦးဖြစ်လို့ ဒါကိုထောက်ပြပြောဆိုတာမျိုးလည်း ကျော် ဖြတ်ခဲ့ရ ပြီးပါပြီ။ ဒါပေမဲ့ ဒါဟာ အမှန်တရားပါ။ ကျွန်တော့်မှာ လူမည်း- ဆာမိုရန် နှစ်ဖက် မျိုးနွယ်နှစ်စုစလုံးရဲ့ သွေး တွေ၊ ဗီဇတွေပါတယ်။ ဒါကို တကယ်ပဲ ကျွန် တော်ဂုဏ်ယူတယ်''
လို့ ရေးသားခဲ့ပါ
တယ်။


The Rock ဟာ ယခင်က WWE ချန်ပီယံတစ်ဦးဖြစ်ပြီး သူဟာ ဒီအားကစား လောကမှာရှိနေစဉ်အတွင်း ထိပ်ဆုံးနံပါတ် ၃ အဆင့်အတွင်းကနေ မကျခဲ့ဘဲ သူ့အောင် မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့လို့ "Hulk Hogan" ဆိုပြီး မကြာသေးခင်ကမှ ဂုဏ်ပြု ခံခဲ့ရတာပါ။ ဒါနဲ့ပတ်သက်ပြီး သူက ''ကျွန်တော်နဲ့ ကျွန်တော့်ကလေးဘဝက သူငယ်ချင်းတွေနဲ့ သူရဲကောင်းက Hulk Hogan  ပါ။ အခုဒီ လိုနာမည်နဲ့ ဂုဏ်ပြုခံရတာ ကျွန်တော့် ဘဝ ရဲ့ အကြီးမားဆုံး အခိုက်အတန့်ပါပဲ'' လို့ လည်း ပြောခဲ့ပါတယ်။

Ref: CNN

#democracytoday

Rate this item
(0 votes)
back to top