HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

တေးယွန်က ''Four Seasons'' သီချင်းနဲ့ တစ်ကျော့ပြန် လှုပ်ရှား

တေးယွန်က ''Four Seasons''  သီချင်းနဲ့ တစ်ကျော့ပြန် လှုပ်ရှား

ဆိုးလ် ၊ မတ် ၂ဝ

တောင်ကိုရီးယားကေပေါ့ပ် ဂီတလောကမှာ ထင်ရှားတဲ့ လူငယ် အမျိုးသမီးအဆိုတော် တေးယွန်ဟာ ဂီတလှုပ်ရှားမှုတွေ အချိန်အတန်ကြာ ငြိမ်သက်နေရာမှ မတ် ၂ဝရက်နေ့မှာ '' Four Seasons '' အမည်ရှိတဲ့ သူမရဲ့ သီချင်းသစ်ရဲ့ ဂီတဗီဒီယိုနမူနာနဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ကနေချ ပြလိုက်ပြီ ဖြစ်ပါတယ်။

တေးယွန်ဟာ ဒီဗီဒီယိုထဲမှာလှပတဲ့ ဆံနွယ်တွေ၊ သက်သောင့် သက်သာရှိတဲ့ ပုံရိပ်တွေနဲ့အတူ အနည်းငယ်ရှေးဆန်တဲ့ ဖက်ရှင်အပြင် အဆင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားပါတယ်။ သူမရဲ့ ဒီ ''Four Seasons '' သီချင်းရဲ့ ဗားရှင်းအပြည့် အစုံကိုတော့ မတ် ၂၄ ရက်မှာ ထွက်ရှိမှာဖြစ်ပါတယ်။


တေးယွန်ဟာ အမည်ရင်း ကင်တေးယွန်ဖြစ်ပြီး သူမကို ၁၉၈၉ ခုနှစ် မတ် ၉ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ ၂ဝဝ၇ ခုနှစ်မှာ SM အင်တာတိန်းမန့်ရဲ့ စီစဉ်မှုနဲ့ Girls Generation  အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှာ နုတ်ထွက်ကာ ယင်းနှစ်မှာပဲ ပထမဆုံးဂီတအယ်လ်ဘမ် '' I '' ကိုထွက်ရှိကာ တစ်ကိုယ်တော် အနုပညာ စတင်လှုပ်ရှားခဲ့ပြီး ဒီအခွေဟာ ကော်ပီချပ်ရေ ပေါင်း သန်းနဲ့ချီရောင်းခဲ့ရပါ တယ်။

Ref; all K Pop

#democracytoday

Rate this item
(0 votes)
back to top