HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

တေးရေးဆရာ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ကွယ်လွန်ခြင်း ၂၄ နှစ်မြောက် အလွမ်းရတု အခမ်းအနား ကျင်းပ

တေးရေးဆရာ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ကွယ်လွန်ခြင်း ၂၄ နှစ်မြောက် အလွမ်းရတု အခမ်းအနား ကျင်းပ

စစ်ကိုင်း ၊ မတ် ၂၂

တေးရေး ဆရာကိုမောင်မောင် (မဇ္ဈိမလှိုင်း) ကွယ်လွန်ခြင်း ၂၄နှစ်မြောက် အလွမ်းရတုအခမ်းအနားနှင့် သံဃာတော်များအားဆွမ်းဆက် ကပ်လှူဒါန်းပွဲကို မတ် ၂၂ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတောင်ရိုး၊ မဟာသမယချောင်၌ ကျင်းပခဲ့ ကြောင်း သိရသည်။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) မှာ မန္တလေးဇာတိဖြစ်ပြီး ကွယ်လွန် ချိန်တွင် အသက် (၄၆) နှစ်ရှိကာ သင်္ကြန်မိုး၊ ဒဏ္ဍာရီ၊ ပန်းချစ်သူ၊ မိုး လုံးမှိုင်း၊ ကြိုးကြာသံ၊ ဝတ်မှုံစသည့် ကိုယ်ပိုင်သံစဉ်သီချင်းများ အပါ အဝင် ကွယ်လွန်ချိန်အထိတေးသီ ချင်းအပုဒ် ၂ဝဝ ကျော် ရေးစပ်ခဲ့သည်။

''သူ့အမှတ်တရပွဲကို နှစ်စဉ် ဒီချောင်မှာကျင်းပလာတာ ဒါနဲ့ဆို ၂၄နှစ်ရှိပါပြီ။ ဒီပွဲကို နယ်ပေါင်းစုံ ကလာကြပါတယ်။ အမှတ်တရအ နေနဲ့ သူ့သီချင်းလေးတွေကိုဆိုကြ၊ တီးကြတယ်။ သူ့သီချင်းလေးတွေ က ဂန္ထဝင်ဖြစ်တယ်။ အထူးသဖြင့် သင်္ကြန်မိုးသီချင်းလေး၊ သင်္ကြန်ကာ လနီးလာပြီဆို သူ့သီချင်းလေးက ပျံ့လွင့်လာတယ်'' ဟု ကိုမောင်မောင် (မဇ္ဈိမလှိုင်း)၏ ဂီတတပည့်ဖြစ် သူ ကိုရန်နိုင်က ပြောကြားသည်။ မတ် ၂၂ရက်နံနက်ပိုင်းတွင် ကိုမောင်မောင်(မဇ္ဈိမလှိုင်း) အား ရည် စူး၍ သံဃာတော် (၁ဝ)ပါးတို့အား မဟာသမယချောင်၌ ဆွမ်းဆက် ကပ်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ ရေစက်သွန်းချအမျှ ပေးဝေကြသည်။


အဆိုပါအခမ်းအနားသို့ ကိုမောင်မောင်၏ ဂီတရဲဘော်ကြီး များဖြစ်သည့် တေးရေးဦးနေဝင်း၊ တေးသံရှင် ကိုမွန်းအောင်တို့ အပါ အဝင် ကိုမောင်မောင်၏ မိသားစုဝင်များ၊ ဂီတတပည့်များ၊ လားရှိုး၊ မ ကွေး၊ မင်းဘူး၊ ရေဦး၊ မုံရွာ၊ မန္တလေး၊ ရွှေဘို၊ စစ်ကိုင်း စသည့်မြို့နယ်များမှ ချစ်ခင်မြတ်နိုးကြသူများ တက် ရောက်ကြသည်။ မတ် ၂၁ ရက်ညပိုင်းတွင် မဟာသမယချောင်၌ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရေးစပ်သီကုံးခဲ့သော ကိုယ်ပိုင်သံစဉ်သီချင်းများကို တပည့်များ၊ အပေါင်းအသင်းများ နှင့် တေးချစ်သူဂီတမိတ်ဆွေများက အမှတ်တရအနေဖြင့် ပြန်လည်သီ ဆိုခဲ့ကြကြောင်းသိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top