HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဘဝမှာ တစ်ယောက်ပဲ ချစ်ဖူးတယ်ဆိုတဲ့ ဟွာဆာ

ဘဝမှာ တစ်ယောက်ပဲ ချစ်ဖူးတယ်ဆိုတဲ့  ဟွာဆာ

ဆိုးလ် ၊ မတ် ၂၂

နာမည်ကျော်ကေပေါ့ပ် အဆိုတော်မလေး ဟွာဆာက မတ် ၂၁ရက်က SBS  ရုပ်သံရဲ့ ''We  Will Channel You'' အစီအစဉ်မှာ ဧည့်သည့်အဖြစ် ပါဝင်ခဲ့ပြီး ဒီတင်ဆက်မှု အတွင်းမှာ သူမအနေနဲ့ ဘဝမှာ တစ်ယောက်တည်ကိုပဲ ချစ်ခဲ့ဖူးတယ်လို့ပြောလိုက်ပါတယ်။ ''Twist''လို့အမည်ရတဲ့ ဆိုလိုအယ်လ် ဘမ်ထွက်ရှိထားတဲ့ ဟွာဆာကို ဒီ အစီအစဉ်ရဲ့ MCကန်ဟိုဒေါင်းက ''Twist ဆိုတာ ဘယ် သူ့ကိုလဲ''လို့မေးခဲ့ရာ နောက် ထပ် ပါဝင်သူဖြစ်တဲ့ ယန်ဆီဟွမ်က ''ကျွန်တော်ထင်တယ်။ သူမမှာချစ်တဲ့ သူတွေများမှာပဲ။ ဒါပေမဲ့ ဒီထဲကမှ တစ်ယောက်ယောက်ကို ညွှန်းတာ နေမယ်''ဟု နောက်ပြောင်ခဲ့ရာကို ဟွာဆာက ခုလိုတုံ့ပြန်ခဲ့ပါတယ်။

''ကျွန်မမှာ တစ်ယောက်ပဲ ရှိတယ်။ ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးချစ်ရတဲ့သူတစ်ဦးပဲရှိတာပါ''လို့ ပြောခဲ့ပါတယ်။ ''ပထမ ဆုံး ဆောင်းရာသီမှာ တွေ့တဲ့သူ။ သူ့ နောက်ကို လိုက်တယ်။ သူ့အနားမှာ နေရဖို့ တစ်နှစ်နီးပါးကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူကျွန်မကို ငြင်းခဲ့တယ်။ နောက်ထပ်အချိန် တွေကြာလာတော့ သူကျွန်မမေတ္တာကို လက်ခံခဲ့တယ်''လို့ သူမက ပြန်ပြောင်းပြော ခဲ့တယ်။ ဒါ့အပြင် ''သူက ကျွန်မစားချင် တယ်ပြောတဲ့အရာတွေကို မနက်စောစော ၄-၅နာရီလောက်ထပြီး ဝယ်လာတတ် တာမျိုး။ သူက ကျွန်မအတွက် မ ပြောင်းလဲဘဲရှိနေပေးမယ့် ကမ္ဘာပေါ်မှာ တစ်ဦးတည်းရှိနေတဲ့သူပဲ''လို့ လည်း ထပ်လောင်းပြောခဲ့ပါသေးတယ်။

ဒီအစီအစဉ်မှာပါဝင်တဲ့ အခြားသော ဆယ်လီအကျော်အမော်တွေက ဟွာဆာကိုသူမရဲ့ချစ်သူက ဘယ်သူလဲ။ ဆယ်လီတစ်ဦးပဲလားလို့ ဝိုင်းမေးကြတာ ကို ''နိုး-မဟုတ်ပါဘူး။ ကျွန်မတကယ် ပြောတာ''လို့ပြန်ပြောခဲ့ပါတယ်။ ဟွာဆာရဲ့ အမည်ရင်းက အန်ဟိုင်ဂျင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်က မွေးခဲ့တာပါ။ သူမဟာ Mamamoo  အမျိုးသမီးဂီတအဖွဲ့ရဲ့ အဓိကရက်ပါဖြစ်ပြီး တစ်ကိုယ်တော်ဆင်ဂယ်လ် ''Twist''ကို ထွက်ရှိထားပါတယ်။ 

Ref: all k pop

#democracytoday

Rate this item
(0 votes)
back to top