HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'စင်ပေါ် ရောက်လာတယ်ဆိုပေမယ့် အခုချိန်အထိ ပရိသတ်တွေကို ရှိန်နေတုန်းပါပဲ' ဖိုးပြည့်

'စင်ပေါ် ရောက်လာတယ်ဆိုပေမယ့်  အခုချိန်အထိ ပရိသတ်တွေကို ရှိန်နေတုန်းပါပဲ' ဖိုးပြည့်

''ကိုယ်စောင့်နတ်'' အခွေလေးအတွက် MTV ရိုက်နေပြီ ဆိုတဲ့ အဆိုတော်ဖိုးပြည့်နဲ့တွေ့ဆုံမေးမြန်းခြင်း..။

မေး-လတ်တလောလုပ်ဖြစ်တဲ့ အနုပညာလှုပ်ရှားမှုတွေ ပြောပြ ပေးပါဦး။

ဖြေ-လတ်တလောကတော့ ကျွန်တော်ပွဲတွေလိုက်ဆိုဖြစ်ပါတယ်။ အရင်လတွေတုန်းက ကျွန်တော်တို့ လူငယ်အဆိုရှင်အသစ်လေး တွေထုတ်ထားတဲ့အခွေမှာလည်း တစ်ပုဒ်ပါဝင်သီဆိုထားပါတယ။် နောက်ကျွန်တော့်ရဲ့ ''ကိုယ်စောင့်နတ်''အခွေလေးအတွက်ြွှဠ ရိုက်နေပါတယ်။ ပြီးသလောက်တော့ ဖြစ်နေပါပြီ။

မေး- MTV ကရော ဘယ်တော့လောက်ထွက်လာမလဲ။

ဖြေ-သင်္ကြန်ပြီးလကုန် ဒါမှမဟုတ်လည်း ငါးလပိုင်းလောက်ထွက် ဖြစ်မှာဖြစ်ပါတယ်။ MTV ကိုလည်း သီချင်း ၁၃ ပုဒ်လုံးကို ပြန်ရိုက်ထားပါတယ်။

 

မေး-''ကိုယ်စောင့်နတ်''သီချင်းနဲ့ Shwe FM ကပေးတဲ့ဆုကိုလည်း လာမယူဖြစ်ဘူးနော်။

ဖြေ-ကျွန်တော် ဆုရမယ်ဆိုတာကိုလည်း မသိခဲ့ပါဘူး။ ပွဲက ကျွန် တော့်ကို သေချာလေးပြောထားတာကြောင့် ဖျက်လို့မရလို့သွားဖြစ်တာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ကတိပေးထားတာဆိုတော့ ကတိလည်း မဖျက်ချင်တာကြောင့်ပါ။ တကယ်တမ်းဆို ကျွန်တော်လည်း တက်ပြီးတော့ ဆုကို ကိုယ်တိုင်ယူချင်ပါတယ်။ ဆုယူလိုက်ရင် ကျွန် တော့်ကို ပရိသတ်တွေမြင်မယ်။ ကျွန်တော့်အတွက်ပိုကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်က ကတိကိုမဖျက်ချင်တာကြောင့် ရောက်မလာနိုင်တာဖြစ်ပါတယ်။

 

မေး-နောက်ထွက်မယ့် သီချင်းတွေ ပရိသတ်တွေပိုပြီးကြိုက်အောင် ဘယ်လိုဖန်တီးမလဲဆိုပြီး စဉ်းစားတာမျိုးရောရှိလား။

ဖြေ-ကျွန်တော် အဲဒီလိုတော့ သေချာမပြောတတ်ပါဘူး။ ပရိသတ်တွေက နားထောင်တယ်။ ကျွန် တော်တို့ကဖန်တီးရတဲ့သူတွေဖြစ်ပါတယ်။ တချို့သီချင်းတွေကကောင်းပေမယ့် ပရိသတ်တွေဆီ မရောက်လိုက်တာအကြောင်းအမျိုးမျိုး ကြောင့် ပရိသတ်တွေနားထောင် ခွင့်မရလိုက်တာမျိုးတွေလည်း ရှိပါတယ်။ အဓိကကတော့ ကြော်ငြာအား ပိုကောင်းဖို့ လိုမယ်လို့ထင်ပါတယ်။ အဘက်ဘက်ကနေ အဆင် ပြေဖို့လိုပါတယ်။ အခုဟာကလည်း ကျွန်တော် တို့ ဒီလက်ရှိအဆိုတော် တော်တော်များများကလည်း ကိုယ့်သီချင်းကို ကိုယ်တိုင် ကြော်ငြာရပါတယ်။ ကိုယ့်သီချင်းကို ကိုယ်မကြော်ငြာရင် အဆင်မပြေဘူးလို့တောင် ဖြစ်နေပါတယ်။

 

မေး-သီချင်းတွေဆိုတာကရော ဘယ်အချိန်က စတင်ခဲ့တာလဲ။

ဖြေ-ကျွန်တော်ကျောင်းပြီးတော့မှ အလုပ် တွေလုပ်ရင်းနဲ့ သီချင်းတွေ စရေးဖြစ်ပါ တယ်။ နောက်ပိုင်းမှာမှ အသံသွင်းတဲ့အပိုင်းတွေကိုတော့ တောင်ကြီးမှာပဲ လုပ်ခဲ့ပါတယ်။ အဲဒီလိုကမှ တဖြည်း ဖြည်းနဲ့လုပ်ပြီးတော့ ရန်ကုန်ရောက်လာတာ ဖြစ်ပါတယ်။

 

မေး-ဒီနှစ်သင်္ကြန်ရော ဘယ်မှာရှိမလဲ။ အဆိုတော်မဖြစ်ခင်က သင်္ကြန်လည်တာနဲ့ အခုနဲ့ကရော ဘယ်လိုကွာခြားသွားပြီလဲ။

ဖြေ-ကျွန်တော် အရင်ကတော့ အဆိုတော်မဖြစ်ခင်ကတည်းက တောင်ကြီးသင်္ကြန်ဆို သီချင်းဆိုတယ်။ သူငယ်ချင်းတွေနဲ့ရေပက် တယ်။ ရန်ကုန်သင်္ကြန်ဆိုတာလည်း မလည်ဖူးပါဘူး။ အခုဒီနှစ်က တော့ မြကျွန်းသာသင်္ကြန်မှာ လေးရက်စလုံးရှိမှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကိုယ်တွေက ပွဲတွေဆိုရင် စင်အောက်ကကြည့် ပြီးတော့ မူးမယ်ကမယ်ဆိုပြီး ပျော်ခဲ့ပါတယ်။ အခုကတော့ ကိုယ်ကိုယ်တိုင်စင်ပေါ်ရောက်လာတယ်ဆိုပေမယ့် အခုချိန်အထိကို ပရိသတ်တွေရော အကုန်လုံးကိုရော ရှိန်နေတုန်းပါပဲ။

KZYH

#democracytoday

Rate this item
(0 votes)
back to top