HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'Rush Hour 4' ရုပ်ရှင်ကို မကြာမီမြင်တွေ့ရဖွယ်ရှိ

'Rush Hour 4' ရုပ်ရှင်ကို  မကြာမီမြင်တွေ့ရဖွယ်ရှိ

လာ့စ်အိန်ဂျလိစ်၊ ဧပြီ ၉

မင်းသား ခရစ်တက်ကာက မင်းသားကြီး ဂျက်ကီချန်းနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံအသစ်တစ်ခုကိုတင်ပြီး စတုတ္ထမြောက် Rush Hour  နောက်ဆက်တွဲရုပ်ရှင်ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။ ခရစ်သည် တရုတ်မင်းသားကြီး ချန်း၏ ဧပြီ ၇ ရက်တွင် ကျရောက်မည့် အသက် ၆၅ နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး လက်လေးချောင်း ထောင်ထားသည့် ၎င်းတို့နှစ်ဦး ပါဝင်သည့် ဓာတ်ပုံကိုတင်ပြီး ပရိသတ်များကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့သည်။

မူရင်းရုပ်ရှင်ကို ၁၉၉၈ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး အမေရိကန်ဟာသ သရုပ်ဆောင် ခရစ်က ထောက်လှမ်း ရေးမှူး ဂျိမ်းသစ်ကာတာနှင့် မင်းသား ဂျက်ကီချန်းက ဟောင်ကောင် စုံစမ်းရေးမှူးချုပ် ယန်လီအဖြစ် သရုပ်ဆောင်ခဲ့ကြသည်။ ယင်းရုပ်ရှင် နောက်ပိုင်းနောက်ဆက်တွဲ ရုပ်ရှင်နှစ်ခုထွက်ရှိခဲ့သည်။ စတုတ္ထ မြောက် ရုပ်ရှင်ရိုက်ကူးမည့် အကြောင်းကို ခရစ်က ယခုနှစ် အစောပိုင်းတွင် စတင်ပြောဆိုခဲ့ပြီး ဇာတ်ညွှန်းအတွက် ပြင်ဆင်နေပြီဟု ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။


မင်းသားဂျက်ကီချန်းက ဇာတ်ညွှန်းအတွက် ၎င်းနှင့် ခရစ်တို့ သဘောတူညီမှုမရခဲ့သော်လည်း ၎င်းတို့နှစ်ဦး အလုပ်အတူတွဲလုပ်နိုင်မည့် ဇာတ်ညွှန်းကို နောက်ဆုံးတွင် ရှာတွေ့ခဲ့ပြီဟု ပြောဆိုခဲ့ဖူးသည်။ ယင်းအချိန်တွင် မင်းသားကြီးချန်းက ''ပြီးခဲ့တဲ့ ခုနစ်နှစ်မှာ ကျွန်တော်တို့ဟာ ဇာတ်ညွှန်းကို ပယ်ချခဲ့ကြပါတယ်။ နောက်တော့ သဘောတူနိုင်ခဲ့ပါပြီ''ဟု ပြောကြားခဲ့သည်။

Ref: aceshowbiz

#democracytoday

Rate this item
(0 votes)
back to top