HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

LGBTQ အခွင့်အရေးအဖွဲ့ကို ဒေါ်လာ တစ်သိန်း တစ်သောင်းကျော် လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

LGBTQ အခွင့်အရေးအဖွဲ့ကို  ဒေါ်လာ တစ်သိန်း တစ်သောင်းကျော်  လှူဒါန်းခဲ့တဲ့  တေလာဆွစ်ဖ်

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၉

အဆိုတော် တေလာဆွစ်ဖ်သည် LGBTQ အခွင့်အရေးအဖွဲ့ထံ ဒေါ်လာ ၁၁၃ဝဝဝ ကို လှူဒါန်းခဲ့ကြောင်းသိရသည်။ 'Shake It Off' သီချင်းအဆိုတော် ဆွစ်ဖ်သည် တန်နက်စီ ညီမျှ ခြင်းစီမံကိန်းအဖွဲ့ထံ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး LGBTQ ပုဂ္ဂိုလ်များကို အဓိကထားသည့် "Slate of Hate"  ဥပဒေကြမ်းကို ဆန့်ကျင်ခဲ့သည့် ပြည်နယ်အတွင်းမှ ဘာသာရေးခေါင်းဆောင် ၁၅ဝ ကိုစည်းရုံးနိုင်ခဲ့ ခြင်းအတွက် အဖွဲ့ကြီးကို ချီးကျူးပြောဆိုခဲ့သည်။ 

ဆွစ်ဖ်က ''ခင်ရပါသော ခရစ်ရေ။ ကျွန်မ ရှင်တို့လုပ်ဆောင်နေတဲ့အလုပ်ကို လေးစားအားကျတယ်လို့ပြောဖို့ ဒီစာကို ရေးလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့ ပြည်နယ်ဥပဒေပြုအဖွဲ့မှာ Slate of Hate ကို ဆန့်ကျင်ရပ်တည်တဲ့ တန်နက်စီက ဘာသာရေးခေါင်းဆောင်တွေကို ဖွဲ့စည်းနိုင်ခဲ့တာကို လေးစားမိပါတယ်။ သူတို့ကို ကျေးဇူးတင်တဲ့ စိတ်ကို ဖော်ပြပေးပြီးတော့ လူ သားအားလုံးဝတ်ပြုနိုင်မယ့် နေရာတစ်ခုကိုဖန်တီးခဲ့တဲ့ အဲဒီ ခေါင်းဆောင်တွေနဲ့ ရှင့်ကို ထောက်ခံဖို့ ဒီလှူဒါန်းမှုကိုလက်ခံပေးပါ''ဟု အဖွဲ့အမှုဆောင်ဒါရိုက်တာ ခရစ်ဆန်ဒါးစ်ထံ စာရေးသားခဲ့သည်။

 

ခရစ်ကလည်း အသက် ၂၉နှစ်အရွယ် အဆိုတော်ကို ရက်ရောမှုအတွက် ချီးကျူးစကား ပြောဆိုခဲ့ပြီး အဖွဲ့ကြီးသည်လည်း ယင်းလက်ဆောင်အတွက် ဂုဏ်ပြုကျေးဇူးတင်နေမည်ဟု ပြောဆိုခဲ့သည်။ ထို့ပြင် အဆိုတော်ဆွစ်ဖ်သည် LGBTQ လူမှုအသိုင်းအဝန်းအတွင်း အချိန်ကာလကြာရှည်ရှိခဲ့သည့် မဟာမိတ်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်တွင် ရေးသား ပြောဆိုခဲ့သည်။ 

Ref: contactmusic

#democracytoday

Rate this item
(0 votes)
back to top