HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Hal David Starlight ဆုကို အဆိုတော် ဟာစလေ လက်ခံရယူမည်  

Hal David  Starlight ဆုကို အဆိုတော် ဟာစလေ လက်ခံရယူမည်   

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁ဝ

အဆိုတော် ဟာစလေသည် Songwriters Hall of Fame Gala ပွဲတွင် Hal David Starlight ဆုကို လက်ခံရယူမည်ဟု သိရသည်။ 'Bad At Love' သီချင်းအဆိုတော် ဟာစလေက အက်ဒ်ရှီယန်၊ တေလာဆွစ်ဖ်၊ အလစ်ဆီယာကီးစ်နှင့် ဂျွန်လဲ ဂျန့်တို့ကဲ့သို့ ဂုဏ်သိက္ခာကြီးမားသည့် ဆုကို လက်ခံရယူနိုင်သည့် ရှေ့လူတို့၏ ခြေရာအ တိုင်း လိုက်နင်းနိုင်သည်ကို မယုံကြည် နိုင်ကြောင်း ပြောဆိုခဲ့သည်။  ယင်းဆုကို သီချင်းရေးဆရာ ဟယ်ဒေးဗစ်ကို ဂုဏ်ပြုပြီး ၂ဝဝ၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ချီးမြှင့်နေခြင်းဖြစ်သည်။

ဟာစလေက ''ဒီနှစ်အတွက် Song writers Hall Of Fame Gala ပွဲမှာ Hal David Starlight ဆုကိုရရှိပြီး ဂုဏ်ပြုခံရတာ မယုံကြည်နိုင်ပါဘူး။ ဒါဟာကျွန်မဘဝမှာ အမှတ်တရအဖြစ်ဆုံး အခိုက်အတန့် ၁ဝ ခုထဲက တစ်ခုဖြစ်ပါတယ်''ဟု တွစ်တာတွင် ရေးသားခဲ့သည်။ Songwriters Hall of Fame ဥက္ကဋ္ဌနိုင်းရော့ဒ်ဂျာက ''လွန် ခဲ့တဲ့ ငါးနှစ်ကျော်ကာလမှာ ဟာစလေကို ကျွန်တော်တို့ စောင့် ကြည့်နေခဲ့တာပါ။ စံချိန်တိုင်းက နောက်ဆုံးရခဲ့တဲ့ဆုလိုပဲ ကောင်းကြပါတယ်။ ဒါကြောင့် ဒီလိုမျိုး ထိုက်တန်တဲ့နည်းလမ်းနဲ့ သူ့ကို အသိအမှတ်ပြုနိုင်တာ ဂုဏ်ယူရပါတယ်''ဟု ဆိုသည်။


ယင်းအဖွဲ့၏ ဥက္ကဌနှင့်စီအီးအို လင်ဒါမိုရန်ကလည်း အသက် ၂၄နှစ်အရွယ် ဟာစလေ၏ Without Me သီချင်းသည် ဘေလ် ဘုတ်ဟော့အဖြစ်ဆုံး သီချင်းအပုဒ်ရေ ၁ဝဝ စာရင်းတွင် ထိပ် ဆုံး၌ သီတင်းအပတ် ၂ဝ ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်ကို ချီးကျူး ပြောဆိုခဲ့သည်။ ယင်းဆုပေးပွဲကို ဇွန် ၁၃ရက်တွင် နယူးယောက် စီးတီးမြို့ရှိ Marriott Marquis ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

Ref: contactmusic

#democracytoday

Rate this item
(0 votes)
back to top