HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

စင်ဒရဲလားအဖြစ် သရုပ်ဆောင်မယ့် အဆိုတော် ကမ်မီလာ ကာဘယ်လို  

စင်ဒရဲလားအဖြစ် သရုပ်ဆောင်မယ့် အဆိုတော် ကမ်မီလာ ကာဘယ်လို   

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁ဝ

အဆိုတော် ကမ်မီလာ ကာဘယ်လိုသည် ထုတ်လုပ်သူ ဂျိမ်းစ် ကော်ဒန်၏ ''Cinderella'' ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်မည်ဟုသိရသည်။ 'Late Late Show' အစီအစဉ်တင်ဆက်သူဂျိမ်းစ်သည် Fulwell73 စတူဒီယိုလက်အောက်တွင် ပေါလ်ပီရဲမန်းနှင့်အတူ ကမ္ဘာကျော်ဇာတ်လမ်း၏ တေးသံစုံဗားရှင်းရုပ်ရှင်ကို ထုတ်လုပ်မည်ဖြစ်သည်။ ထို့ပြင် 'Havana'  သီချင်းအဆိုတော် ကာဘယ်လိုကလည်း ရုပ်ရှင်အသစ်တွင် ပါဝင်ရသည့်အတွက် စိတ်လှုပ်ရှား မိကြောင်း ပြောဆိုထားသည်။

''Pitch Perfect ဒါရိုက်တာ ကေကန်နွန်ရေးသားရိုက်ကူးမည့် ယင်းရုပ်ရှင်သည် ကာဘယ်လိုအတွက် ပထမဆုံးသရုပ်ဆောင်ခြင်း ဖြစ်လာမည်ဖြစ်သည်။ The Hollywood Reporter မီဒီယာ၏အဆိုအရ ရုပ်ရှင်အသစ်တွင် ဂျိမ်းစ်ထံမှ မူရင်းအိုင်ဒီယာမှဖြစ်ကြောင်း၊ ဆိုနီကုမ္ပဏီက ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ယင်းရုပ်ရှင်တွင် ပါဝင်သရုပ် ဆောင်မယ့် ကာဘယ်လိုသည် သီချင်းသီဆိုသည့်ဘက်တွင်လည်း တာဝန်ယူမည်ဟုဆိုသည်။


ရုပ်ရှင်အတွက် ဇာတ်လမ်းအကြောင်းအရာကို မသိရသေးသော်လည်း သတင်းများ၏အဆိုအရ မိဘမဲ့မိန်းကလေးတစ်ဦးနှင့် ဆိုးရွားသော မိထွေးတစ်ဦးတို့၏ ဇာတ် ကြောင်းကိုပင် ခေတ်သစ်ဟန်ဖြင့် ပြန်လည်ပုံဖော်မည်ဟုဆိုသည်။ Disney ၏ ၁၉၅ဝခုနှစ်တွင် ထွက်ရှိခဲ့သည့် 'Cinderella' ကာတွန်းကို ၂ဝ၁၅ခုနှစ်တွင် လူသားဇာတ်ကောင်များဖြင့် ပြန်လည်ရိုက်ကူးခဲ့ပြီး ဝင်ငွေဒေါ်လာ ၅၄၄ သန်းရရှိခဲ့သည်။ 

Ref: contactmusic 

#democracytoday

Rate this item
(0 votes)
back to top