HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

လျှို့ဝှက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဖြန့်ဝေမှုနဲ့ ရဲစခန်းမှာ Roy Kim လာရောက် အစစ်ခံ  

လျှို့ဝှက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဖြန့်ဝေမှုနဲ့  ရဲစခန်းမှာ Roy Kim  လာရောက် အစစ်ခံ   

ဆိုးလ် ဧပြီ ၁ဝ

ကိုရီးယားအဆိုတော် Roy Kim သည် ဧပြီ ၁ဝရက် ကိုရီးယားစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်အချိန်တွင် စစ်ဆေးမေးမြန်းမှုကိုခံယူရန် ဆိုးလ်မြို့ပြရဲတပ်ဖွဲ့အေဂျင်စီသို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ယင်းရဲစခန်းထဲသို့ မဝင်ရောက်မီ မီဒီယာများ ရှေ့တွင် Kim သည် မတ်တပ်ရပ်ပြီး စကားပြောဆိုခဲ့သည်။ ၎င်းက ''အရင်ဆုံး ကျွန်တော့်အတွက် အားပေးပြီးဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ မိသားစုနဲ့ကိုရီးယားပြည်သူတွေကို စိုးရိမ် စေခဲ့လို့ တောင်းပန်ပါတယ်။ စုံစမ်းစစ်ဆေးမှုမှာ ရိုးရိုးသားသားနဲ့ ပါဝင်ဖြေဆိုသွားမှာပါ'' ဟု ပြောကြားခဲ့သည်။

အုပ်စုဖွဲ့စကားပြောခန်းအတွင်း ဓာတ်ပုံများကိုမျှဝေခဲ့ခြင်းရှိ၊ မရှိနှင့် မူးယစ်ဆေးသုံးစွဲသည်ဟု အဓိပ္ပါယ်သက်ရောက်နိုင်သော ဗန်းစကားများကို သုံးစွဲခဲ့ ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ဘဲ စုံစမ်းမေးမြန်းမှုကို လက်ခံရန် ရဲစခန်းအတွင်းသို့သာ ဝင်ရောက်သွားခဲ့သည်။ ဧပြီ ၂ ရက်တွင် Roy Kim  သည် အမျိုးသမီးများနှင့်လိင်ဆက်ဆံ နေချိန်အတွင်း ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး မျှဝေခဲ့သည့် အဆိုတော် ဂျောင်ဂျွန်ယောင်းပါဝင်သည့် အုပ်စုဖွဲ့ စကားပြောခန်းထဲမှ နာမည်ကျော် စတားတစ်ဦးဖြစ်ကြောင်း ထွက်ပေါ် လာခဲ့သည်။ တစ်ရက်အကြာတွင် ၎င်းကို တရားမဝင် ဓာတ်ပုံရိုက်ကူးမှုဖြင့် စွဲချက်တင်ခဲ့သည်။ သီတင်းတစ်ပတ်အကြာ ဧပြီ ၉ရက်တွင် ၎င်းသည် ကျောင်းတက်နေသည့် ဝါရှင်တန်ဒီစီမှ ကိုရီးယားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ 

Ref: soompi

#democracytoday

Last modified onThursday, 11 April 2019 14:27
Rate this item
(0 votes)
back to top