HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ရှင်ဂျီက အွန်လိုင်း သုံးစွဲသူတွေကို အင်စတာဂရမ်မှာ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တောင်းဆိုခဲ့

ရှင်ဂျီက အွန်လိုင်း သုံးစွဲသူတွေကို အင်စတာဂရမ်မှာ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တောင်းဆိုခဲ့

ဆိုးလ်၊ ဧပြီ် ၂ဝ 

နာမည်ကျော် ကေပေါ့ပ်အဖွဲ့ koyote မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှင်ဂျီက အွန်လိုင်းသုံးစွဲသူတွေအနေနဲ့ အင်စတာဂရမ်မှာ မိမိတို့ရဲ့ အပြု အမူတွေကို ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ သူမရဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ကာ တောင်းဆိုခဲ့ပါတယ်။ ရှင်ဂျီက ''ကျွန်မရဲ့ အင်စတာ ဂရမ်မှာ follower  တွေ တဖြည်း ဖြည်းတိုးလာတာနဲ့အမျှ လူတွေဆီ က အထိန်းအကွပ်မရှိ ဆိုးရွားတဲ့ မှတ်ချက်တွေ ရိုင်းစိုင်းမထီမဲ့မြင်ပြု တဲ့ မှတ်ချက်တွေလည်းရနေပါတယ်။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကျွန်မ ဒီလို လူတွေရဲ့ မှတ်ချက်တွေကို ဖျက် ပစ်တာတွေ account တွေကို ဘာ သတိပေးမှုမှမလုပ်ဘဲနဲ့ ဘလော့ လိုက်တာတွေလည်း လုပ်လိုက်မှာပါ။ ဒီနေရာ (အင်စတာဂရမ်ဟာ) လူအများစုအတွက် တန်ဖိုးရှိရှိ အသုံး ပြုတဲ့နေရာပါ။ ဒါကြောင့် ရှင်တို့ရဲ့ အပြုအမူတွေကို ထိန်းထိန်းသိမ်းသိမ်း ရှိစေချင်ပါတယ်''လို့ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။


ရှင်ဂျီဟာ ၁၉၈၁ခုနှစ်မှာ မွေး ဖွားခဲ့ပြီး ယခုအခါ အသက် (၃၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်အဆို တော်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ Dongduk အမျိုးသမီးတက္ကသိုလ်မှ Popular music ဌာနမှာ ဂီတအနုပအညာ ဆည်း ပူးခဲ့ပြီး ၁၉၉၈ ကနေစလို့ koyste  ဂီတအဖွဲ့သို့ ဝင်ရောက်ခဲ့ပါတယ်။  ယခုအခါ သရုပ်ဆောင်တစ်ဦး အဖြစ်ပါ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Ref: all k pop

#democracytoday

Rate this item
(0 votes)
back to top