HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'မဟူရာရုပ်ရှင်ရုံ' ဇာတ်ကားမှာ ကျွန်တော်တို့ရဲ့ အနုပညာပေးဆပ်မှုတွေကို မြင်တွေ့ရမှာပါ - နေတိုး

'မဟူရာရုပ်ရှင်ရုံ' ဇာတ်ကားမှာ ကျွန်တော်တို့ရဲ့ အနုပညာပေးဆပ်မှုတွေကို မြင်တွေ့ရမှာပါ - နေတိုး

ရန်ကုန်၊ဧပြီ ၂ဝ 

မကြာခင် ရုံတင်တော့မယ့် ''မဟူရာရုပ်ရှင်ရုံ''ဇာတ်ကားကို လာကြည့်တဲ့အခါမှာ မိမိတို့ရဲ့အနုပညာပေးဆပ်မှုတွေကို ပရိသတ်တွေ မြင်တွေ့ရမှာပါလို့ အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ် ဆောင် နေတိုးက ပြောပါတယ်။ ''ဒီဇာတ်ကားလေးမှာ ထူးခြားချက်တွေ၊ ဒီဇာတ်ကားလေးကို ပရိသတ်စိတ်ဝင်စားစေမယ့် ထူးခြားတဲ့အကြောင်းအရာလေးတွေကိုလည်း ကျွန်တော်တို့ရော၊ ကျွန်တော်တို့ Production က လူတွေ အကုန်လုံးရော သေချာလေးစနစ်တကျလေး လုပ်ထားတာကြောင့် ဇာတ်ကားရုံမတင်ခင်ကတည်းက ဒီဇာတ်ကားအပေါ်ကို ပရိသတ်စိတ်ဝင်စားမှုပိုများတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီလိုမျိုး ပရိသတ်တွေက စိတ်ဝင်စားမှု မြင့်တက် လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အနုပညာပေးဆပ်မှုတွေကိုလည်း လာ ကြည့်တဲ့အချိန်မှာ ပရိသတ်တွေ မြင်တွေ့ရမယ်။ ကျေနပ်အားရမှုရှိမယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ထင်ပါတယ်''လို့ ဆိုပါတယ်။

''မဟူရာရုပ်ရှင်ရုံ'' ရုပ်ရှင်ဇာတ်ကားကို ဧပြီလ ၂၅ ရက်မှာ စတင် ရုံတင်ပြသတော့မှာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ နန်းဆုဦး၊ အိန္ဒိယသရုပ်ဆောင် မော်ဒယ်ရီရာရေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာပြည့်ဇော်ဖြိုးက ရိုက်ကူး ပုံဖော်ထားတာဖြစ်ပါတယ်။


''ကျွန်တော်တို့လည်း ဒီဇာတ်ကားလေးကို လူငယ်တွေကို မြေ တောင်မြှောက်ပေးတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့အတွက်ကြောင့် စိတ်ဝင်စားမှုတွေလည်း ပိုမိုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး စိတ်ဝင်စားမှု နဲ့အတူ ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့်လေးတွေ၊ အခွင့်အ ရေးလေးတွေကိုလည်း ထုတ်လုပ်ရေးကနေရအောင် ကြိုးစား ပြီး အကောင်းဆုံးသရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုမျိုး အားလုံးက ဝိုင်းဝန်းကြိုးစားခဲ့တာကြောင့် အခုလိုမျိုး အိန္ဒိယနိုင်ငံကာလကတ္တားမှာပေးတဲ့ Movie Award ဆုကိုရရှိခဲ့တယ်လို့ မြင်ပါတယ်''လို့ နေတိုးက ဆက်လက် ပြောပြခဲ့ပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top