HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'အနုပညာ လောကမှာ စပွန်ဆာဆိုတာမျိုး မရှိဘဲ ရပ်တည်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်' သဉ္ဇာမြင့်မိုရ်

'အနုပညာ လောကမှာ စပွန်ဆာဆိုတာမျိုး မရှိဘဲ ရပ်တည်နိုင်လို့  ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်' သဉ္ဇာမြင့်မိုရ်

ယခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေလုပ်ရတာ နည်းလာတယ်ဆိုတဲ့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်နဲ့တွေ့ဆုံမေးမြန်း ခြင်း..။

 

မေး။ ။လတ်တလောလုပ်ဖြစ်တဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး။

ဖြေ။ ။လတ်တလောကတော့ နယ်မှာ သီချင်းဆိုတာလေးတွေ ရှိမယ်။ ဓာတ်ပုံရိုက်ဖို့တွေရှိပါတယ်။

မေး။ ။အခုနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ နည်းတယ်နော်။

ဖြေ။ ။ဟုတ်ပါတယ်။ အရင်တုန်းကထက်တော့ အနုပညာ လှုပ် ရှားမှုတွေတော့ နည်းသွားပါတယ်။ နည်းသွားတယ်ဆိုတာကလည်း အခုနောက်ပိုင်းမှာက ဇာတ်လမ်းတွဲတွေ အရမ်းကိုများလာတယ်။ ဇာတ်လမ်းတွဲရိုက်တဲ့သူတွေကလည်း သူတို့အုပ်စုတွေနဲ့ သူတို့ဖြစ် တယ်။ ကိုယ်တွေကကျတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဘက်က ရပ်တည်တဲ့သူ တွေ ဖြစ်တာကြောင့် ကိုယ်တွေအတွက် ရွေးချယ်မှုတွေလည်း နည်းလာတယ်။ အခွင့်အရေးတွေလည်း နည်းလာတာ ဖြစ်ပါတယ်။

 

မေး။ ။အနုပညာအလုပ်တွေ နည်းလာတော့ စိတ်ဓာတ်ကျတာ တို့၊ ဆက်မလုပ်ချင်လောက်အောင် ဖြစ်တာမျိုးတို့ ဖြစ်လား။

ဖြေ။ ။ဒီအနုပညာလောကကနေ နုတ်ထွက်သွားချင်လောက်တဲ့ အထိတော့ မဖြစ်ပါဘူး။ အလုပ်အပေါ်မှာတော့ ကိုယ့်ကိုယ်ကိုယ်အား မလိုအားမရတော့ ဖြစ်မိပါတယ်။ အခုခေတ်ကလည်း ဖေ့စ်ဘွတ်ခ် ခေတ်ကြီးဖြစ်နေတော့ ဖေ့စ်ဘွတ်ခ်မှာ အောင်မြင်ရင် အနုပညာ ရှင်လို့ သတ်မှတ်တဲ့ခေတ်လည်းဖြစ်တာကြောင့် အဲဒီလိုမျိုးတွေကို တော့ စိတ်မကောင်းဖြစ်မိတယ်။ ကျန်တဲ့ ကိုယ့်ရဲ့အနုပညာအလုပ် ကိုတော့ စိတ်ပျက်သွားတာမျိုးတော့ မရှိပါဘူး။

 

မေး။ ။အနုပညာလောကမှာ ရပ်တည်ရတဲ့ အနေအထားကရော။

ဖြေ။ ။တချို့အမြင်မှာတော့ ကိုယ်က သူများသုံးသလောက် သုံး နိုင်ချင်မှ သုံးနိုင်မယ်။ ဒါပေမဲ့ သူများထောက်ပံ့တာမျိုးနဲ့ ရပ်တည် စရာ မလိုဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူခဲ့ပါ တယ်။ အဲဒီလိုမျိုး စပွန် ဆာဆိုတာမျိုးမရှိခဲ့တာကလည်း မိဘတွေ၊ မိသားစုတွေကြောင့် ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့၊ သွားချင်တဲ့ လမ်း ကြောင်းကို တတ်နိုင်သလောက် ပံ့ပိုးပေးတာကြောင့် အဆင် ပြေပြေရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

မေး။ ။အရင်က ဗီ ဒီယိုဇာတ်ကားတွေ အရိုက် များခဲ့တာဆိုတော့ အခု ဗီဒီယိုဈေးကွက်ပျက်သွားတာ ကို ဘယ်လိုမြင်မိလဲ။

ဖြေ။ ။အများကြီးဆုံးရှုံးပါတယ်။ ဒါမျိုးတွေက ကိုယ်တွေမှ မဟုတ်ပါဘူး။ အခုနောက်တက်တဲ့ အနုပညာရှင်လေးတွေလည်း အများကြီးနစ်နာပါ တယ်။ ဗီဒီယိုဇာတ်ကားတွေဆိုတာ ကိုယ်တွေနဲ့ တက်သစ်စသရုပ်ဆောင်လေးတွေအတွက် ပညာ တွေ အများကြီးရပြီး အိုက်တင်လေ့ကျင့်လို့ရတဲ့ နေရာမျိုးဖြစ်ပါတယ်။ အခုက ဗီဒီယိုဈေးကွက် ကလည်း တော်တော်ပျက်နေပြီဆိုတော့ ဘယ် နေရာမှာသွားပြီး အနုပညာတွေ ချပြလို့ ရမှာ လဲဆိုတာမျိုးတွေတောင် ဖြစ်လာပါတယ်။

 

မေး။ ။ကိုယ်ပါဝင်ထားတဲ့ ဇာတ်ကားတွေ ရော ရုံတင်ဖို့ရှိသေးလား။

ဖြေ။ ။ ညီမပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေ ရုံတင်ဖို့ ကျန်သေးတာ တွေလည်း ရှိပါတယ်။ ခုနစ်ကား၊ ရှစ်ကား လောက်ရှိပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top