HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ ခရစ်(စ)တီးနားခီ၊ ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့အား ပရိသတ်များ၏ ဂုဏ်ပြုဆုပေးအပ်ပွဲ မေလပထမပတ်တွင် ကျင်းပမည်ဟု ခန့်မှန်း

ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ ခရစ်(စ)တီးနားခီ၊ ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့အား ပရိသတ်များ၏ ဂုဏ်ပြုဆုပေးအပ်ပွဲ မေလပထမပတ်တွင် ကျင်းပမည်ဟု ခန့်မှန်း

ရန်ကုန်၊ ဧပြီ ၂၂

'မီ' ရုပ်ရှင်ဇာတ်ကားနှင့် 'ဥပါယ်တံမျဉ်' ရုပ်ရှင်ဇာတ်ကား ဖန်တီးသူများကို ပရိသတ်များမှ စုပေါင်းချီးမြှင့်မည့် ဂုဏ်ပြုဆုပေးအပ် ပွဲကို မေလပထမအပတ်တွင် ကျင်းပမည်ဟုခန့်မှန်းထားကြောင်းသိရသည်။ ''အခုလောလောဆယ်ကတော့ သူတို့အနေနဲ့ပရိသတ်က ပေးတဲ့ဆု ကိုတိုက်ရိုက်လက်ခံမလား၊ ဒါမှမဟုတ် ပွဲတစ်ပွဲအနေနဲ့ကျင်းပပြီး လက်ခံမလားဆိုတာကို သူတို့ဘက်ကအကြောင်း ပြန်တာကိုစောင့်နေတာပါ။ ကျွန်တော့်အနေနဲ့ကတော့ တတ်နိုင်သမျှအမြန်ဆုံးကျင်းပချင်ပါတယ်''ဟု ပွဲဖြစ်မြောက်ရန် စီစဉ်နေသော Myanmar Links မှ IT နည်းပညာရှင် ကိုစိုးသီဟနောင်က ပြောသည်။

အကယ်ဒမီဆန်ခါတင် စာရင်းဝင်ခဲ့သော်လည်း ဆုရရှိခဲ့ခြင်းမရှိသော 'မီ' ရုပ်ရှင်ဇာတ်ကားနှင့် 'ဥပါယ်တံမျဉ်' ရုပ်ရှင်ဇာတ်ကား ဖန်တီးရိုက်ကူးသူလေးဦးကို ပရိသတ်အချို့မှစုပေါင်းပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်နိုင်ရန်စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိတွင် ပရိသတ်များမှ ပေးအပ်မည့် ဂုဏ်ပြုဆုပေးအပ်ရန်အတွက် သက်ဆိုင်ရာအနုပညာရှင်များနှင့် တွေ့ဆုံညှိနှိုင်းရန်အတွက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။


''ကျွန်တော်တို့ဘက်ကလည်း အနုပညာရှင်တွေဘက်ကနေပြီးတော့ အကြောင်းပြန်တာကိုစောင့်နေကြတာပါ။ အခုက အကယ်ဒမီပေးပွဲနဲ့နည်းနည်းလေး အချိန်ကွာဟသွားတာကြောင့် ကျွန်တော်တို့ဘက်ကလည်း ပွဲအခမ်းအနားကို မြန်မြန်လေးလုပ်ချင်နေတာပါ။ ကျွန်တော်တို့ဘက်ကလည်းတတ်နိုင်သမျှအမြန်ဆုံးဖြစ်အောင်စီစဉ်နေပါတယ်။ ပွဲဖြစ်မြောက်ဖို့အတွက် ပြင်ဆင်နေတာရယ် နောက်ဆုလက်ဆောင်အတွက် ပြင်ဆင်နေရတဲ့ အပိုင်းလေးတွေရှိနေတာကြောင့် အခုလိုမျိုး ကြန့်ကြာမှုတွေ ရှိနေတာပါ'' ၎င်းက ဆက်လက်ပြောသည်။


လက်ရှိတွင် 'မီ'ရုပ်ရှင်ဇာတ်ကားကို ဖန်တီးခဲ့သော ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသုနှင့် 'ဥပါယ်တံမျဉ်' ရုပ်ရှင်ဇာတ်ကားကို ဖန်တီးရိုက်ကူးခဲ့သော ဒါရိုက်တာ ခရစ္စတီးနားခီ၊ သရုပ်ဆောင် ဇဏ်ခီတို့ကို ပရိသတ်များဂုဏ်ပြုဆုချီးမြှင့်ရန်အတွက် ဝိုင်းဝန်းစုပေါင်း လှူဒါန်းရာတွင် အလှူငွေကျပ်သိန်း ၆ဝ နီးပါးရရှိထားပြီး မန္တလေးရှိ ပရိသတ်အချို့မှလည်း ရွှေ တစ်ကျပ်သား မတည်လှူဒါန်းထားကြောင်း သိရသည်။

ဆုမြတ်နိုး၊ အင်ကြင်းဖြိုး

#democracytoday

Rate this item
(0 votes)
back to top