HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

မွေးနေ့အလှူအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ကျပ်သိန်း ၁ဝဝ လှူဒါန်းတဲ့ တေးသံရှင်ဖြူဖြူကျော်သိန်း

မွေးနေ့အလှူအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို  ကျပ်သိန်း ၁ဝဝ လှူဒါန်းတဲ့  တေးသံရှင်ဖြူဖြူကျော်သိန်း

ရန်ကုန်၊ ဧပြီ ၂၂

တေးသံရှင်ဖြူဖြူကျော်သိန်း၏ မွေးနေ့ အလှူအဖြစ် ဧပြီလ ၂၂ရက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား ကျပ်သိန်း ၁ဝဝ လှူဒါန်းခဲ့ကြောင်း သိရသည်။ တေးသံရှင် ဖြူဖြူကျော်သိန်းသည် ဒေါ်ခင် ကြည် ဖောင်ဒေးရှင်း၏ လေးခုမြောက် ရေရှည် စီမံကိန်းဖြစ်သော လရောင်တောစိုက်ပျိုး သက် မွေးပညာသင်တန်းကျောင်းနှင့် ဆက်စပ်အဆောက် အအုံများ ဆောက်လုပ်ရန်အတွက် အလှူငွေ ကျပ်သိန်း ၁ဝဝ ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

''ဒီနေ့ ဖြူဖြူ မွေးနေ့မှာ ဖြူဖြူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လေးခုမြောက် ပရောဂျက်အတွက် ဖြူဖြူအနုပညာကြေးထဲကနေ တတ်နိုင်သလောက် လှူဒါန်းဖြစ်ပါတယ်။ ဒီပရောဂျက်အတွက် လှူဒါန်းဖြစ်တာက သက်မွေးပညာသင်တန်းကျောင်းဖြစ်တာရယ် နောက်ပြီးတော့ ရေရှည်စီမံကိန်းဖြစ်တာရယ်ကြောင့် ဖြူဖြူ ဒီပရောဂျက်လေးကို လှူဒါန်းဖို့အတွက် ဆုံးဖြတ်ဖြစ်သွားတာပါ။ မွေးနေ့နဲ့ ပတ်သက်တဲ့ အမှတ်တရကတော့ ဒီဧပြီလက ဖြူဖြူတို့မိသားစုအတွက် အမှတ်တရ လလေးတစ်လပါ။ ဖြူဖြူမွေးနေ့က ဖေဖေနဲ့ မေမေရဲ့ နှစ်ပတ် လည်နေ့လည်း ဖြစ်တယ်။ နောက် ဧပြီလကုန်က မမရဲ့ မွေးနေ့ပေါ့နော်''ဟု တေးသံရှင် ဖြူဖြူကျော်သိန်းက ပြောသည်။


တေးသံရှင် ဖြူဖြူကျော်သိန်းသည် ၎င်း၏ ရှစ်ခွေမြောက် တစ်ကိုယ်တော် အခွေဖြစ်သော PHYU PHYU KYAW THEIN REMIX 2019,  Mini Album ကို မတ်လတွင် ထွက်ရှိထားပြီး ပရိသတ်အားပေးမှုများစွာရရှိထားသည့် အမျိုးသမီး တေးသံရှင်တစ်ဦးလည်း ဖြစ်သည်။ 

NN

#democracytoday

Rate this item
(0 votes)
back to top