HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'Game of Thrones' ရုပ်သံစီးရီးရဲ့ လွှမ်းမိုးမှုအကြောင်း ပြောပြခဲ့တဲ့ တေလာဆွစ်ဖ်  

'Game of Thrones' ရုပ်သံစီးရီးရဲ့ လွှမ်းမိုးမှုအကြောင်း ပြောပြခဲ့တဲ့ တေလာဆွစ်ဖ်   

လော့စ်အိန်ဂျလိစ်၊ မေ ၁၃

အဆိုတော်တေလာဆွစ်ဖ်က "Game of Thrones" ရုပ်သံစီးရီးသည် "Reputation" အယ်လ်ဘမ်အပေါ် လွှမ်းမိုးမှုရှိကြောင်း Entertainment Weekly  မီဒီယာနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ အဆို တော်ဆွစ်ဖ်သည် HBO ရုပ်သံလိုင်းမှ ထုတ်လွှင့် နေသည့် ယင်းရုပ်သံစီးရီးကို ၂ဝ၁၆ခုနှစ်မှစတင် ကာ ကြည့်ရှုခဲ့သည်ဟု ပြောဆိုခဲ့ဖူးသည်။

အဆိုတော် ဆွစ်ဖ်က ''ကျွန်မရဲ့ စိတ်အတွေး အကြံတော်တော်များများက Game of Thrones နဲ့အချိန်ကုန်နေပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မက 'Reputation' အယ်လ်ဘမ်အတွက် ပြင်ဆင် နေတာပါ။ အင်တာဗျူးတွေမှာလည်း အဲ့ဒီအကြောင်း ကိုထုတ်မပြောခဲ့ဖူးပါဘူး။ ဒါကြောင့် ကျွန်မရဲ့ သီချင်းတော်တော်များများက အဲ့ဒီစီးရီးရဲ့ လွှမ်းမိုး မှုရှိတယ်ဆိုတာကို ဘယ်သူမှမသိခဲ့ပါဘူး''ဟုဆိုသည်။


ယင်းစီးရီးထဲမှ တိုက်ပွဲများအကြောင်းကို လေ့လာနေ၍ အလုပ်များနေသဖြင့် ဖုန်းကို လက်ခံ ဖြေကြားနိုင်ခြင်းမရှိကြောင်း ပြောဆိုထားသည်။ ၎င်းက ''အဲ့ဒီသီချင်း တစ်ဝက်လောက်က ကျွန်မဘယ်လိုတွေ ဖြတ်သန်းနေရတယ်ဆိုတာကို အခြေခံထားပါတယ်။ ဒါပေမဲ့ Game of Thrones စစ်ထုတ်မှုကနေ ဖြတ်သန်းပြီး မြင်ရမှာပါ'' ဟုဆိုသည်။ "Winter is coming"  အပိုင်း ၁ ကို နောက်ကျပြီးမှ ကြည့်ရှုခဲ့ရသည့် အဆိုတော်ဆွစ် သည် ဇာတ်လမ်းကြိုတင်သိရှိမှုကို ရှောင်ရှား နိုင်ရန် ခက်ခဲမှုမရှိကြောင်း ပြောဆိုခဲ့သည်။

Ref: CNN

#democracytoday

Rate this item
(0 votes)
back to top