HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သည်းထိတ်ရင်ဖို ဒရာမာမှာ အင်စီဝမ်နှင့်အတူ ပါဝင်လာမည့် မင်းသား လီဒုံဝု  

သည်းထိတ်ရင်ဖို ဒရာမာမှာ အင်စီဝမ်နှင့်အတူ  ပါဝင်လာမည့် မင်းသား လီဒုံဝု   

ဆိုးလ် မေ ၁၃

မင်းသား လီဒုံဝုနှင့် မင်းသား အင်စီဝမ်တို့သည် OCN ရုပ်သံလိုင်းမှ မကြာမီပြသမည့် Strangers From Hell ဒရာမာတွင် ပါဝင်ကြမည်ဟုသိရသည်။ နာမည်ကျော် webtoon ကို အခြေခံထားသည့် ယင်းဒရာမာသည် အဆောက်အအုံတစ်ခုတည်းတွင် အတူနေထိုင်သည့်သူများကြောင့် အဆောင်သို့ ပြောင်းသွားခဲ့သည့် အမျိုးသားတစ်ဦးကြုံတွေ့ခဲ့ရသော ထူးဆန်းသည့်ဖြစ်ရပ်များ အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးမည်ဖြစ်သည်။

မင်းသား အင်စီဝမ်က စစ်မှုထမ်းဆောင်ပြီးနောက် ယင်းဇာတ်လမ်းတွဲတွင် ပါဝင်လာမည်ဟု အတည်ပြုထားပြီးဖြစ်သည်။ ၎င်းသည် အလုပ်အသစ်ကြောင့် ကျေးလက်တောရွာမှ ဆိုးလ်သို့ ပြောင်းရွှေ့လာသည့် လူငယ်အမျိုးသား ယွန်ဂျောင်ဝူးအဖြစ် ပါဝင်မည် ဖြစ်သည်။ မင်းသား လီဒုံဝုသည် အဆောင်အနီး အနားရှိ ဆေးခန်းတစ်ခုကိုပိုင်ဆိုင်သော သွားဆရာ ဝန် ဆောမွန်းဂျူအဖြစ် ပါဝင်မည်ဖြစ်သည်။


ယင်းဒရာမာကို 'The Vanished ' နှင့် 'The Hideout ' ဒရာမာတို့ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ လီချန်ဟီးက ရိုက်ကူးမည်ဖြစ်ပြီး 'Save Me' ဇာတ်ညွှန်းရေးသားသူ ဂျောင်ရီဒူက ဇာတ်လမ်းရေးသားပေးမည်ဖြစ်သည်။ Strangers From Hell  ဇာတ်လမ်းတွဲကို ယခုနှစ် ဒုတိယနှစ်ဝက်ကာလတွင် ပြသနိုင်ရန် စီစဉ်ထားသည်။

Ref: soompi

#democracytoday

Rate this item
(0 votes)
back to top