HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဖြစ်ရပ်မှန် ဇာတ်လမ်း ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကား ယခုလအတွင်း ရိုက်ကူးမည်  

ဖြစ်ရပ်မှန် ဇာတ်လမ်း ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကား ယခုလအတွင်း ရိုက်ကူးမည်   

ရန်ကုန်၊ မေ ၁၄

စာရေးဆရာတင်ညွန့်၏ ဖြစ် ရပ်မှန်ဇာတ်လမ်းဖြစ်သည့် ရိုးမ ပေါ်ကျတဲ့မျက်ရည်ဝတ္ထုကို ဒါရိုက် တာကိုပေါက်မှ ဇာတ်လိုက်အမည် ဖြင့် ယခုလအတွင်း ရုပ်ရှင်ဇာတ် ကားရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကား မိတ်ဆက်ပွဲ ကို မေ ၁၃ရက် နံနက်က M3 Food Center  တွင်ပြုလုပ်ခဲ့သည်။

ဒါရိုက်တာကိုပေါက်က ''ကျွန် တော်ကိုယ်တိုင်လည်း ပညာရေး အသိုင်းအဝိုင်းထဲမှာ ကြီးလာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မိသားစု ဝင်တွေကလည်း ဝန်ထမ်းတွေများ ပါတယ်။ ဒီစာအုပ်လေးက မဆလ ခေတ်ရယ်၊ ကျောင်းဆရာတစ် ယောက်ရဲ့ အကြောင်းလေးတွေ လည်းပါတယ်ဆိုတော့ အရမ်းကြိုက် ပြီးရိုက်ချင်တာကြောင့် ဆရာ့ဆီက စာအုပ်ကိုပြန်ဝယ်ပြီး ရိုက်ဖြစ်တာ ဖြစ်ပါတယ်''ဟု ပြောသည်။


ယင်းဇာတ်ကားကို BO BO production ကစီစဉ်ပြီး သရုပ် ဆောင်များအဖြစ် မြင့်မြတ်၊ အိန္ဒြာ ကျော်ဇင် ၊ခိုင်သင်းကြည်၊ မေမြင့် မိုရ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ် အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

KZYH

#democracytoday

Rate this item
(0 votes)
back to top