HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဗုဒ္ဓဖွားတော်မူနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခဲ့တဲ့ မင်းသား ကင်ဝူဘင်

ဗုဒ္ဓဖွားတော်မူနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခဲ့တဲ့ မင်းသား ကင်ဝူဘင်

ဆိုးလ်၊ မေ ၁၄

နာမည်ကျော်ကိုရီးယား မင်းသားကင်ဝူဘင်၏ အေဂျင်စီ SidusHQ  အင်တာတိန်းမန့်မှ သတင်းရင်းမြစ်တစ်ခုက ဗုဒ္ဓဖွားတော်မူနေ့အတွက် ပွဲတစ်ခုသို့ မင်းသားတက်ရောက်ခဲ့သည့် သတင်းများကို မေ ၁၄ရက်၌ တုံ့ပြန်ပြော ဆိုခဲ့သည်။ အဆိုပါ သတင်းရင်းမြစ်က ''ကင်ဝူဘင်ရဲ့ ဘာသာရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို ကျွန်တော်တို့ မသိရပါဘူး။ သူဟာ သူငယ်ချင်း ဂျိုအင်ဆောင်ကြောင့် ဂျောင်တို လူမှုအသိုင်းအဝိုင်းက ကျင်းပခဲ့တဲ့ပွဲတစ်ခု ကို သီးသန့်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်''ဟုဆိုသည်။

ထို့ပြင် ယင်းသတင်းရင်းမြစ်က မင်းသားကင်၏ ကျန်းမာရေးနောက်ဆုံး အခြေအနေကိုလည်း ဝေမျှပြောဆိုခဲ့သည်။ ၎င်းက ''ကင်ဝူဘင်ဟာ လက်ရှိမှာ ကျန်းမာနေပြီး အခြေအနေကောင်းပါတယ်။ အရင်တုန်း က သူ့ရဲ့ fan café ကနေတစ်ဆင့် လိုအပ်တဲ့ ကုသမှုတွေပြီးဆုံးခဲ့ပြီး ပုံမှန်နောက်ဆက်တွဲ စစ်ဆေးမှုတွေကိုသာ လုပ်ဆောင် နေတယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်''ဟု ပြောဆိုခဲ့သည်။


Buddhist True Network မှ မေ ၁၅ရက်တွင် ကျရောက်မည့် ဗုဒ္ဓဖွားတော်မူနေ့အတွက် ကျင်းပမည့် အခမ်းအနား တစ်ခုမှ ဗီဒီယိုတစ်ခုကို မျှဝေခဲ့သည်။ ယင်းဗီဒီယိုဖိုင်ထဲတွင် ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်း၊ ဝတ္ထုရေးဆရာ ကင်ဟုန်ရှင်းနှင့် ဂျောင်တိုလူမှုအသိုင်းအဝိုင်းမှ အခြားပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ ယင်းဗီဒီယိုဖိုင်နေရာတစ်ခုအရောက်၌ တက်ရောက် လာသည့် ပရိသတ်များထဲတွင် မင်းသားကင်ဝူဘင်နှင့်မင်းသားဂျိုအင်ဆောင်တို့ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

Ref:soompi

#democracytoday

Rate this item
(0 votes)
back to top