HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကင်ကာဒရစ်ရှန်ဟာ ထက်မြက်တဲ့ ရှေ့နေတစ်ဦးဖြစ်လာမှာပါ - ပဲရစ်ဟီလ်တန်

ကင်ကာဒရစ်ရှန်ဟာ ထက်မြက်တဲ့ ရှေ့နေတစ်ဦးဖြစ်လာမှာပါ - ပဲရစ်ဟီလ်တန်

လော့စ်အိန်ဂျလိစ်၊ မေ ၁၄

အဆိုတော်နှင့် ဒီဂျေ ပဲရစ်ဟီလ်တန်က ကင်ကာဒရစ် ရှန်အနေဖြင့် ထက်မြက်သည့် ရှေ့နေတစ်ဦးဖြစ်လာမည်ဟုပြော ဆိုလိုက်သည်။ 'Keeping Up With the Kardashians' အစီအစဉ်စတား ကင်ကာဒရစ်ရှန်သည် ၂ဝ၂၂ခုနှစ်တွင် ရှေ့နေစာမေးပွဲဖြေဆိုနိုင်ရန် ဆန်ဖရန်စစ္စကိုရှိ ဥပဒေရုံးတစ်ခု တွင်လေးနှစ်ကြာ အလုပ်သင်သင်တန်း တက်ရောက်နေ လျက်ရှိသည်။ အဆိုတော် ပဲရစ်က ၎င်းအနေဖြင့် အိပ်မက်ကို အကောင်အထည်ဖော်နေသည့် သူငယ်ချင်းဖြစ်သူအတွက် ဂုဏ်ယူကြောင်းနှင့် တရားဥပဒေနယ်ပယ်တွင်လည်း အကောင်း ဆုံး လုပ်ဆောင်နိုင်မည်ဟု ထင်ကြောင်း ပြောဆိုထားသည်။

'Access Hollywood' မီဒီယာ သို့ပြောကြားရာတွင် အသက် (၃၈) နှစ်အရွယ် ပဲရစ်က ''ကျွန်မတို့ နှစ် ယောက်လုံးဟာ တစ်ယောက်ကို တစ် ယောက်တကယ့်ကိုပဲ ဂုဏ်ယူနေကြပါ တယ်။ နှစ်ယောက်လုံးဟာ ကိုယ်ပိုင်အင် ပါယာတွေကို ဖန်တီးထားကြပါတယ်။ သူ့ အတွက် ကျွန်မအရမ်းဂုဏ်ယူပါတယ်။ သူ ဟာ ထက်မြက်တဲ့ ရှေ့နေတစ်ဦးဖြစ်လာမယ် လို့ ကျွန်မထင်ပါတယ်။ သူဟာ ထောင်ထဲက လူတွေကိုလွှတ်ပေးဖို့ အလုပ်တွေတော်တော် များများ လုပ်ခဲ့ပြီးပါပြီ။ သူဟာ ထက်မြက် ပါတယ်။ တော်တော်လေးကို အစီအစဉ် ကျသူဖြစ်ပါတယ်''ဟု ဆိုသည်။


အသက် (၃၈)နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် ကင်သည် လော့စ်အိန်ဂျလိစ် ရှိ ပီယာ့စ်ကောလိပ်တွင် တက်ရောက်ခဲ့ သူဖြစ်သော်လည်း ဘွဲ့မရရှိခဲ့ပေ။ ကယ်လီဖိုးနီးယားပြည်နယ်သည် ဘွဲ့မရရှိသော်လည်း ဥပဒေစာအုပ်များကိုဖတ်ရှုပြီး ရှေ့နေ စာမေးပွဲကို အောင်မြင်ပါက ရှေ့နေတစ်ဦးဖြစ်ခွင့်ပေးထားသည့် အမေရိကန်ပြည်နယ်လေးခုထဲမှ တစ်ခု ဖြစ်သည်။ ဥပဒေပညာရပ်ကိုကြိုးစား လေ့လာနေသည့် ကင်သည် မကြာမီ ကပင် အငှားကိုယ်ဝန်ဆောင်ဖြင့် ရရှိ ထားသည့် စတုတ္ထမြောက်သားလေး တစ်ဦးကိုလည်း ရရှိထားသည်။

Ref: contactmusic

#democracytoday

Rate this item
(0 votes)
back to top