HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အာလာဒင် ရုပ်ရှင်တွင် ပါဝင်ရခြင်းသည် ကျွမ်းကျင်မှုများကို အပြည့်အဝ အသုံးချနိုင်သည့် အခွင့်အရေးဟု ဝီလ်စမစ်ပြောဆို  

အာလာဒင် ရုပ်ရှင်တွင် ပါဝင်ရခြင်းသည် ကျွမ်းကျင်မှုများကို အပြည့်အဝ အသုံးချနိုင်သည့် အခွင့်အရေးဟု ဝီလ်စမစ်ပြောဆို   

လော့စ်အိန်ဂျလိစ်၊ မေ ၁၅

Disney ၏ "Aladdin" ရုပ်ရှင်တွင် မီးခွက်စောင့်ဘီလူးအဖြစ် သရုပ် ဆောင်ထားသည့် မင်းသားဝီလ်စမစ်က ၁၉၉ဝပြည့်လွန်နှစ်များတွင် နာမည် ကျော်ခဲ့သည့် "The Fresh Prince of Bel-Air" ဇာတ်လမ်းတွဲနောက်ပိုင်း အတွေ့အကြုံများကို အများဆုံး ဖြည့်ဆည်းနိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ အသက် (၅ဝ)အရွယ် မင်းသားစမစ်က ယင်းဇာတ်ကောင်တွင် သရုပ်ဆောင် ရန် ¤င်းကျွမ်းကျင်မှုအားလုံးကို အသုံးချနိုင်မည့် အခွင့်ရေးကောင်းတစ်ခုကို ရရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

မင်းသားစမစ်က ''ဒါဟာ ကျွန်တော်လုပ်ရမှာ ကြိုက်နှစ်သက်တဲ့အရာ တွေအများကြီးကို အသုံးပြုနိုင်ခဲ့တဲ့ "The Fresh Prince of Bel-Air"  နောက်ပိုင်းပထမဆုံးပရောဂျက်ဖြစ်ပါတယ်။ ကျွန်တော် သီချင်းဆိုနိုင်တယ်။ ကနိုင်တယ်။ ရက်ပ်ရွတ်နိုင်တယ်။ ဖျော်ဖြေနိုင်တယ်။ ဟာသလုပ်နိုင်တယ်။ ဒရာမာရိုက်နိုင်တယ်။ ဒါကြောင့် အနုပညာရှင်တစ်ဦးအနေနဲ့ ကျွန်တော့် ကိုယ်ကျွန်တော် အပြည့်အဝအသုံးချဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ခဲ့ပါ တယ်''ဟု ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။


မင်းသားက ''လှည့်ဖျားတတ်သူနှင့်ကြီးကြပ်သူ''နှစ်မျိုးလုံးအနေဖြင့် ချစ်စဖွယ်ဇာတ်ကောင်ကို သူ့ဗားရှင်းဖြင့် ဖော်ပြနိုင်သည်ဟု ဆိုသည်။ မင်း သားစမစ်က ''သူ (မီးခွက်စောင့်ဘီလူး)ဟာ အာလာဒင်ကို သူ့အထဲမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ အမှန်တရားဆီ လမ်းညွှန် ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ကို ကျွန်တော် သဘော ကျပါတယ်။ ကျွန်တော့် ဘဝမှာတော့ ငယ်ရွယ် တဲ့ ကောင်လေးတစ် ယောက်ကို အမျိုးသား တစ်ယောက်ဖြစ်လာဖို့ ကူညီဖို့ ကြိုးစားတဲ့ ဇာတ် ကောင်တစ်ခုကို သရုပ် ဆောင်ရတာ သဘော ကျပါတယ်''ဟု ပြောဆို ခဲ့သည်။ 

Ref: ptinews

#democracytoday

Rate this item
(0 votes)
back to top