HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

မကြာခင်မှာ ချစ်သူနဲ့ လက်ထပ်တော့မယ့် ဂျန်နီဖာလောရန့်စ်  

မကြာခင်မှာ ချစ်သူနဲ့ လက်ထပ်တော့မယ့် ဂျန်နီဖာလောရန့်စ်   

လော့စ်အိန်ဂျလိစ်၊ မေ ၁၅

မင်းသမီးဂျန်နီဖာလောရန့်စ်နှင့်ချစ်သူ ကွတ်ကီမာရွန်နေတို့၏ လက်ထပ်ပွဲမှာ မကြာမီလများအတွင်းဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ မင်းသမီးဂျန်နီဖာသည် ချစ်သူကိုပရိသတ်နှင့် မိတ်ဆက်ပေးပြီး သုံးလ အကြာတွင် နယူးယောက်မြို့၌ စေ့စပ်ပွဲပါတီတစ်ခုကိုကျင်းပခဲ့ကြသည်ဟု ဆိုကြသည်။ မင်းသမီး၏ မိတ်ကပ်ပညာရှင်ဖာလ်ဗီယာဖာရိုဖီ၏ အင်စတာဂရမ်တွင် တင်ထားသည့် ပို့စ်တစ်ခု၌ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းတွင် စေ့စပ်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ ပုံစာတွင်လည်း ''ဂျန်နီဖာ လောရန့်စ်က သတို့သမီးတစ်ယောက်ဖြစ်လာတော့မှာကြောင့် ငါတို့ပိုပြီး ပျော်ရွှင်စိတ်လှုပ်ရှားနေပါတယ်''ဟု ရေးသားခဲ့သည်။ ယင်းဓာတ်ပုံထဲတွင် မင်းသမီးသည် နယူးယောက်အခြေစိုက်ဖက်ရှင်ပစ္စည်း L.WELLS ထံမှ လက်ထပ်ဝတ်စုံဖြင့် ပျော်ရွှင်နေသည်ကို တွေ့ရသည်။ Harper's Bazaar မဂ္ဂဇင်းက ''ဒီဇိုင်နာ လော်ရန်ဝဲလ်စ်ဟာ သူ့ရဲ့သတို့သမီးဝတ်စုံကို မဖန်တီးခင် ဗီရာဝမ်နဲ့ အလုပ်အတူ တွဲလုပ်ခဲ့ဖူးပါတယ်''ဟု ရေးသားခဲ့သည်။

ယင်းမဂ္ဂဇင်း၏အဆိုအရ မင်းသမီးဂျန်နီဖာသည် L.WELLS ဝတ်စုံကို ဝတ်ဆင်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂ဝ၁၇ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ် ခဲ့သည့် ရုပ်ရှင်အထူးပွဲတစ်ခုသို့ တက်ရောက်ချိန်၌လည်း ယင်း Brand မှ ထုတ်လုပ်သော လက်ထပ်ဂါဝန်ကို ဝတ်ဆင်ခဲ့ဖူးသည်ဟုသိရသည်။ People  မဂ္ဂဇင်းက ၎င်းတို့နှစ်ဦးသည် ဧပြီလအစောပိုင်းတွင် နယူးယောက်စီးတီးရှိ ဇိမ်ခံဟိုတယ် နှစ်ခုကို လေ့လာခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ သတင်းရင်းမြစ်တစ်ခု၏ အဆို အရ လက်ထပ်ပွဲကို နှစ်ဖက်မိသားစုများသာ တက်ရောက်မည့်ပွဲတစ်ခုအနေဖြင့် အကျဉ်းချုံးဖွယ်ရှိသည်ဟု သိရသည်။

Ref: asiaone

#democracytoday

 

Rate this item
(0 votes)
back to top