HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''နိုင်ငံရေးဟာ အာဏာရှင်ဝါဒီဆီ ပြန်သွားနေပါတယ်'' - ဂျော့ခ်ျကလူးနေး

''နိုင်ငံရေးဟာ အာဏာရှင်ဝါဒီဆီ ပြန်သွားနေပါတယ်'' - ဂျော့ခ်ျကလူးနေး

လော့စ်အိန်ဂျလိစ်၊ မေ ၁၅

မင်းသား ဂျော့ခ်ျကလေူးနေးသည် နိုင်ငံရေးတွင် ဝင်ပါရန် စိတ်မဝင်စားကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်မှ အမေရိကန် သမ္မတအထိဖြစ်ခဲ့သော ဒေါ်နယ်ထရန့်အပေါ် ဝေဖန်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည့် အသက် (၅၈)နှစ်အရွယ် မင်းသားကလူးနေးသည် နိုင်ငံရေးပြောဆိုလှုပ်ရှားမှုများတွင် တက်တက် ကြွကြွပါဝင်လှုပ်ရှားလာသည့်အပြင် ၂ဝ၂ဝရွေး ကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်လိမ့်မည်ဟု ထင်ကြေးပေးမှုများရှိလာခဲ့သည်။ သို့သော် ၂ဝဝ၈ခုနှစ်တွင် ကုလသမဂ္ဂငြိမ်းချမ်းရေးစေတမန်နှင့် နိုင်ငံတကာဆက်ဆံရေး ကောင်စီအဖွဲ့တစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင် နေသူ မင်းသားကလူးနေးက ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိဘဲ ကောင်းမွန်သည့် နိုင်ငံရေး သမားတစ်ဦးဖြစ်စေမည့်ကျွမ်းကျင်မှု ၎င်းထံတွင် မရှိကြောင်း ပြောဆိုခဲ့သည်။

မေ ၁၄ ရက်တွင် ရောမမြို့၌ ပြုလုပ်သည့် 'Catch 22'  စီးရီးသတင်းစာ ရှင်းလင်းပွဲတွင် မင်းသား ကလူးနေးက ''ကျွန်တော် နိုင်ငံရေး လောကထဲဝင်မှာမဟုတ်ပါဘူး။ ကျွန်တော့်မှာရှိတဲ့ ကျွမ်းကျင်မှုတွေကို အသုံးချနိုင်မယ့် သင့် လျော်တဲ့နေရာတစ်ခုလို့ မထင်ပါဘူး။ နိုင်ငံရေး သမားတွေလို ကျွန်တော်ရပ်တည်တဲ့အရာတွေနဲ့ ယုံကြည်တဲ့ အရာတွေအတွက် ကတိပြုပေး နိုင်တာမရှိပါဘူး။ အဲဒါကြောင့် ကျွန်တော်နိုင်ငံ ရေးကို စိတ်မဝင်စားပါဘူး''ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရေးရှေ့နေ အာမယ်ကလူးနေး နှင့်လက်ထပ်ထားသည့် မင်းသားကလူးနေးက ကမ္ဘာတစ်ဝန်း လက်ရှိအချိန်တွင် နိုင်ငံရေးအခြေ အနေမှာလမ်းလွဲနေပြီး အာဏာရှင်ဝါဒီဆီသို့ သွားနေကြောင်း၊ သို့သော် အကောင်းမြင်စိတ်ရှိ နေဆဲဖြစ်ပြီး လာမည့်နှစ်အနည်းငယ်အတွင်း အရာအားလုံးအကောင်းဆုံးပြန်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်းပြောဆိုခဲ့သည်။

Ref: asiaone

#democracytoday

Rate this item
(0 votes)
back to top