HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ကိုယ့်ဘဝ အတွက် ကိုယ်စဉ်းစားမိလို့ အေဂျင်စီကနေ ထွက်လိုက်တာပါ'' ဂူဟေဆွန်း

''ကိုယ့်ဘဝ အတွက် ကိုယ်စဉ်းစားမိလို့ အေဂျင်စီကနေ ထွက်လိုက်တာပါ'' ဂူဟေဆွန်း

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁

မင်းသမီးဂူဟေဆွန်းသည် ၎င်း၏ ဒုတိယမြောက်ဓာတ်ပုံပြပွဲဖြစ်သည့် "Mystery Pink"ကို ဇန်နဝါရီ ၁ဝ ရက်တွင် ကျင်းပခဲ့ပြီး ယင်းနေရာတွင် YG အင်တာတိန်းမန့်မှ နုတ်ထွက်ခဲ့ရသည့် ဆုံးဖြတ်ချက်ကို ပြောကြားခဲ့သည်။ ၄င်းက ''ကျွန်မ YG အင်တာတိန်းမန့်ကနေ PARTNERS park ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်မ အေဂျင်စီ ပြောင်းရွှေ့တာလည်း ဒါပထမဆုံးပါ။ တခြားထူးထူးခြားခြား အကြောင်း ပြချက်တော့ မရှိပေမယ့် ကျွန်မကိုယ်ကိုယ်ကိုယ်အတွက် အများချည်းစဉ်းစားခဲ့ပါတယ်။ ဒါဟာ ကျွန်မလျှောက်လှမ်းရမယ့် လမ်းကြောင်းပဲ၊ ကျွန်မဘဝရဲ့ ရွေးချယ်မှုပဲကို ယုံကြည်ခဲ့ပါတယ်။ ကျွန်မဘဝအတွက် ဘယ်သူမှ တာဝန်မယူဘူးဆိုတော့ ကျွန်မဆုံးဖြတ်ချက်ကို အခုလိုပဲချလိုက်ရတာပါ''ဟု ပြောဆိုခဲ့သည်။


အနာဂတ်တွင်ပြုလုပ်မည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း မင်းသမီးဂူက ''ကျွန်မလုပ်ချင်တာတွေ အများချည်း ရှိပေမယ့်လည်း ကျွန်မဖြစ်ချင်တဲ့ အတိုင်းတော့ အမြဲတမ်း မဖြစ်ခဲ့ပါဘူး။ သရုပ်ဆောင်ဖို့ အာရုံစိုက်မယ်လို့ ပြောမယ်ဆိုရင်တော့ စာရေးဖို့အတွက်လည်း လမ်းဖွင့်ထားမှာပါ။ ဒါပေမဲ့ အခုတော့ မင်းသမီးတစ်ယောက်အနေနဲ့ အာရုံစိုက်ဖို့ ဆန္ဒရှိပါတယ်''ဟု ပြောဆိုခဲ့သည်။ ခင်ပွန်းသည် မင်းသား အန်ဂျယ်ယောင်းနှင့်အတူ အလုပ်တွဲလုပ်ကိုင်လိုကြောင်းလည်း ပြောဆိုခဲ့သည်။ ၎င်းက ''တစ်ခါတလေကျရင် သူ့မှာ ချောမောတဲ့မျက်နှာရှိတယ်လို့ ကျွန်မတွေးတယ်။ တစ်ခါတလေတော့ သူက ချောတယ်လို့ တွေးတယ်၊ တကယ်လို့များ သူနဲ့အတူ အလုပ်အတူတွဲလုပ်နိုင်မယ့် အခွင့်အရေး ရှိခဲ့မယ်ဆိုရင် အတူတွဲလုပ်ချင်ပါတယ်။ ဒါပေမဲ့ သူ့ဘက်ကရော ဘယ်လိုခံစားရမယ်ဆိုတာ တော့ ကျွန်မ မသိဘူးပေါ့လေ''ဟု ပြောကြားခဲ့သည်။

 

Ref: soompi

Rate this item
(0 votes)
back to top