Friday, 12 January 2018 13:05

ခင်ပွန်းသည်နဲ့ အိမ်ထောင်ရေးကို ဂျက်ဆီကာ အယ်လ်ဘာ ဂုဏ်ယူမဆုံးဖြစ်နေ

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၁

မင်းသမီး ဂျက်ဆီကာအယ်လ်ဘာသည် ခင်ပွန်းသည် ကတ်ရှ်ဝါရန်၏ အသက် (၃၉)နှစ်ပြည့် မွေးနေ့ပွဲကို ချိုသာဖွယ်ဂုဏ်ပြုခဲ့ပြီး ခင်ပွန်းသည်နှင့်အတူ ရှိနေရသည်ကို ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့သည်။ မင်းသမီးဂျက်ဆီကာသည် မွေးနေ့ဆုတောင်း စကားပြောကြားချိန်တွင် ဆယ်စုနှစ်တစ်ခုနီးပါးကြာ ပေါင်းဖက်ခဲ့သည့် ခင်ပွန်းသည်အပေါ် ဂုဏ်ပြုစကားကို လူမှုမီဒီယာပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။


အင်စတာဂရမ်အကောင့်တွင် ၎င်းက ''ကျွန်မတို့ ၂ဝဝ၄ ခုနှစ် ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ ချစ်ကြိုက်ခဲ့ကြပြီး ၁၄ နှစ်ကြာ လှပတဲ့ဘဝကို အတူတူဖန်တီးရင်း အချိန်ကုန်ခဲ့ကြပါတယ်။ ၂ဝ၁၈ ခုနှစ်မှာတော့ တတိယ မြောက်ရင်သွေးလေးကို ချစ်မြတ်နိုးခွင့်ရတော့မယ်။ ရှင်ဟာ တည်ငြိမ်၊ အပြောကောင်းပြီး ထက်ထက်မြက်မြက်ရှိတယ်။ အလှအပကို မြင်တတ်တယ်။ ဘယ်အခြေအနေမှာမဆို ပေါ့ပါးတယ်။ အရာအားလုံးထက် ကျွန်မရှင့်ကိုချစ်ပါတယ်။ ဘဝမှာ ရှင့်ရဲ့လက်တွဲဖော်ဖြစ်ရတာ ကျွန်မအရမ်းဂုဏ်ယူပါတယ်''ဟု ရေးသားခဲ့သည်။


ဂျက်ဆီကာနှင့် ကတ်ရှ်တို့သည် မကြာသေးမီကပင် တတိယမြောက် ရင်သွေးကို ရရှိခဲ့ပြီး ကလေးကို ဟာရက်စ်ဟု အမည်ပေးထားသည်။ ကတ်ရှ်သည် ဂျက်ဆီကာ သွေးနုသားနုဖြစ်နေချိန်တွင် လိုအပ်သည်များကို ကူညီပေးခဲ့သည်ဟု အတွင်းသတင်းတစ်ခုကဆိုသည်။ ဂျက်ဆီကာသည် ယခုနှစ်နှောင်းပိုင်းတွင် အနုပညာလုပ်ငန်း ပြန်လည်လုပ်ကိုင်မည်ဟု သိရသည်။


Ref: Contactmusic

Read 127 times
Login to post comments