Friday, 12 January 2018 13:05

ရုပ်သံအစီအစဉ်မှာ ပြန်လည် ပါဝင်လာမယ့် ဂျနီဖာလိုပက်ဇ်

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၁

အဆိုတော်၊ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်သည် 'Shades of Blue' ရုပ်သံဇာတ်လမ်းတွဲမှာ ဟာလီဆန်းတို့စ် ဇာတ်ကောင်အပါအဝင် မတူညီသော ဇာတ်ကောင်နှစ်မျိုးဖြင့် 'Will & Grace'  ရုပ်သံအစီအစဉ်တွင် ပြန်လည်ပါဝင်လာတော့မည်ဟုသိရသည်။ ၎င်းသည် အတွဲ ၆ နှင့် ၇ တို့တွင် ပါဝင်ခဲ့ပြီးနောက် NBC ရုပ်သံလိုင်းမှ ထုတ်လွှင့်နေသည့် ယင်းရုပ်သံအစီအစဉ်တွင် မတူညီသော ဇာတ်ကောင်နှစ်ခုဖြင့် ပါဝင်လာမည်လည်းဖြစ်သည်။


ဂျနီဖာသည် ၎င်းကိုယ်ပိုင်နာမည်ဖြင့် ပါဝင်မည့်အပြင် 'Shades of Blue' ရုပ်သံဇာတ်လမ်းတွဲမှာ စုံထောက် ဟာလီဆန်းတို့စ်အနေဖြင့် ပါဝင်လာမည်ဟု Vanity Fair မဂ္ဂဇင်းက အတည်ပြုခဲ့သည်။ ၎င်းသည် အတွဲ ၆ နောက်ဆုံးအပိုင်းတွင် မင်္ဂလာဆောင်တစ်ခု၌ 'Waiting for Tonight' သီချင်းကို သီဆိုခြင်းဖြင့် ပါဝင်ခဲ့သည်။ မကြာမီပြသတော့မည့် 'Will & Grace'  ရုပ်သံအစီအစဉ်တွင် ဂျနီဖာ ပါဝင်လာမည့် အချက်အလက် အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။


ဂျနီဖာကို 'Will & Grace' အစီအစဉ်တွင် ဟယ်ရီကွန်နစ်ဂျူနီယာနှင့် မီနီဒရိုက်ဘာကဲ့သို့သော နာမည်ကျော်များနှင့်အတူ ပူးတွဲမြင်တွေ့ရမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို အနည်းဆုံး အတွဲနှစ်တွဲ ထပ်တိုးပြသမည်ဟု NBC က အတည်ပြုထားသည်။ မူရင်း 'Will & Grace'  အစီအစဉ်ကို ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂ဝဝ၆ ခုနှစ် မေလတွင် အဆုံးမသတ်မီအထိ အတွဲ ၈ တွဲတွင် အပိုင်း ၂ဝဝ နီးပါးထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။


Ref: contactmusic

Read 1089 times
Login to post comments