Tuesday, 13 February 2018 11:41

လာမယ့် သီတင်းပတ်မှာ အယ်လ်ဘမ်သစ် ဖြန့်ချိမယ့် BoA

Written by
Rate this item
(0 votes)

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂

ကေပေါ့ပ် အမျိုးသမီးတစ်ကိုယ်တော် အဆိုတော် BoA သည် လာမည့်သီတင်းပတ်တွင် အယ်လ်ဘမ်အသစ်တစ်ခုကို ဖြန့်ချိမည်ဖြစ်ကြောင်း ၎င်း၏ စီမံခန့်ခွဲရေး အေဂျင်စီက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ S.M. အင်တာတိန်းမန့်က BoA  ၏ "One Shot, Two Shot"  အယ်လ်ဘမ်ကို ဖေဖော်ဝါရီ ၂ဝ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် ဖြန့်ချိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အကသီချင်းပုံစံဖြစ်သည့် ခေါင်းစီးတေးတွင် အဆိုတော် BoA ၏ နှစ်လိုဖွယ် အသွင်သဏ္ဌာန်ကို တွေ့မြင်ကြရမည် ဖြစ်ကြောင်း အေဂျင်စီကဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် ၎င်း၏ သီချင်း ၇ ပုဒ်ပါဝင်သော အယ်လ်ဘမ်မှ လက်တင်ပုံစံ ဂီတာနှင့် အသံစနစ်တို့ ပါဝင် သော ဟစ်ဟော့ပ် အကသီချင်း ဖြစ်သည့် "Nega Dola" ကို ကြိုတင်ဖြန့်ချိခဲ့သည်။


ပြီးခဲ့သောလတွင် BoA သည် ၎င်း၏ဘဝနှင့် အဆို တော်တစ်ဦးအနေဖြင့် အလုပ်လုပ်ကိုင်ရပုံတို့ကို ပရိသတ်ထံတင်ပြရန် Naver V Live  နှင့် Naver TV တို့မှတစ်ဆင့် "Keyword#BoA" အမည်ရှိ Web အခြေခံရုပ်သံအစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ယင်းအစီအစဉ်ကို XtvN  မှ တနင်္ဂနွေညတိုင်းည ၁၁ နာရီတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။ အယ်လ်ဘမ်အသစ် ကို ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာ အခွေအရောင်းဆိုင်တွင် ရရှိနိုင်ပြီဟုဆိုသည်။

 

Ref: Yonhap

Read 131 times
Login to post comments