Tuesday, 10 October 2017 16:53

အနိုင်ကျင့်မှု ဆန့်ကျင် တိုက်ဖျက်ရေး ဗီဒီယိုတစ်ခုကို လေဒီဂါဂါ လွှင့်တင်

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၉

 

အဆိုတော်လေဒီဂါဂါသည် သူငယ်ချင်း၏သမီး ဖြစ်သူ အနိုင်ကျင့်ခံခဲ့ရသည့်အကြောင်းကို သိရှိခဲ့ရ ပြီးနောက် အားကျဖွယ် ဗီဒီယိုတစ်ခုကို ရိုက်ကူး၊ လွှင့်တင်ခဲ့ကြောင်းသိရသည်။ ပေါ့ပ်အဆိုတော်က ၎င်း၏ အင်စတာဂရမ်အကောင့်တွင် မိန်းကလေးသီးသန့် ကျောင်းတစ်ခုမှ ကျောင်းသူလေးများကို အချင်းချင်း ကြင်နာသနားတတ်ကြရန်နှင့် သတ္တိရှိစေရန် ပြောကြားနေသည့်ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့သည်။

 


ယင်းဗီဒီယိုဖိုင်ထဲတွင် ၎င်းက ''အယ်မာရီနို မူလတန်းကျောင်းက အားလုံးပဲမင်္ဂလာပါ။ ကျွန်မ လေဒီဂါဂါပါ။ ကျွန်မက ဗင်းနစ်ရဲ့ သူငယ်ချင်းပါ။ ဗင်းနစ်ရဲ့အမေ ဂျူလီနဲ့ အလုပ်လုပ်နေပါတယ်၊ ကျောင်းမှာ ဗင်းနစ်ဟာ အနိုင်ကျင့်ခံခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ကြားခဲ့ရတော့ တကယ့်ကိုပဲ စိတ်မ ကောင်းဖြစ်ခဲ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး ကြင်နာသနားကြဖို့နဲ့ နေထိုင်ရာ လူမှုအသိုက်အဝန်းမှာ သတ္တိရှိမှုကို ရှာဖွေကြဖို့ ကလေးတို့အားလုံးကို တိုက်တွန်းတောင်းဆိုပါတယ်။ တစ်ခါတလေ နာမည် ကျော်ကလေးတွေရှေ့မှာ မတ်တတ်ရပ်ပြီး အနိုင်ကျင့်ခံရတဲ့ တစ်စုံတစ်ယောက်ကို ခေါ်ထုတ်ဖို့ဆိုတာ တော်တော်လေး ခက်ပါတယ်။ ကြင်နာသနားကြပါ။ သတ္တိရှိကြပါ။ ဗင်းနစ်နဲ့လည်း အတူတူသွားထိုင်ပြီး နေ့လယ် စာစားကြပါ။ တွန်းလှန်ကြပါ''ဟု ပြေ ကြားခဲ့သည်။ 

 

 

Ref: PTI

Read 2320 times
Login to post comments