HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''လက်ထပ်ဖို့ မစောင့်နိုင်တော့ပါဘူး'' Kaley Cuoco

''လက်ထပ်ဖို့  မစောင့်နိုင်တော့ပါဘူး'' Kaley Cuoco

လော့စ်အိန်ဂျလိစ်၊ မတ် ၁၂

"Big Bang Theory" ရုပ်သံဇာတ်လမ်းတွဲစတား Kaley Cuoco က ချစ်သူ ကားလ်ဘရွတ်လ်နှင့် လက်ထပ်ရန် မစောင့်ဆိုင်းနိုင်တော့ကြောင်း ပြောဆိုလိုက်သည်။ ၎င်းတို့နှစ်ဦးသည် Cuoco ၏ (၃၂)နှစ်ပြည့် မွေးနေ့တွင် စေ့စပ်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် မင်္ဂလာပွဲအတွက် အလုပ်များလျက်ရှိသည်ဟုဆိုသည်။

Cuoco က ''ကျွန်မတို့ဟာ မကြာခင်လက်ထပ် တော့မှာပါ။ စီစဉ်နေပါပြီ။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း စဉ်းစားနေပါတယ်။ ကျွန်မ မစောင့်နိုင်တော့ပါဘူး။ ဒီထက်ပိုပြီးမစောင့်ချင်တော့ပါဘူး။ ဒါဟာအမှန်တရားပါ။ ကျွန်မတကယ် မစောင့်နိုင်တော့ပါဘူး''ဟု ပြောကြားခဲ့သည်။  ၎င်းက ''ကျွန်မတို့ အရမ်းပျော်ပါတယ်။ ချစ်လည်း ချစ်ပါတယ်။ သူလည်း ကျွန်မလိုပဲ စိတ်လှုပ်ရှားနေပါတယ်။ နောက်ဆုံးတော့ ကျွန်မလက်တွဲဖော်ကို ကျွန်မ တွေ့ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မတို့ လက်ထပ်ဖို့ အဆင်သင့်ပါပဲ''ဟု E!Online သို့ ပြောကြားခဲ့သည်။


၂ဝ၁၆ ခုနှစ် မတ်လတွင် Cuoco နှင့် ကွတ်ခ်တို့၏ အချစ်ရေး ကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့သည်။ တစ်လကြာမြင့်ပြီးနောက် Cuoco သည် ချစ်သူနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံတစ်ခုကို တင်ခဲ့ပြီး ''ပျော်ရွှင်မှုဟာ ဒါနဲ့တူပါတယ်''ဟု ရေးသားခဲ့သည်။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ၎င်းတို့နှစ်ဦး၏ အချစ် ရေးကို ကော်ဇောနီထက်တွင် လျှောက်လှမ်းခြင်းဖြင့် တရားဝင်ချပြခဲ့သည်။ 

Ref: Contactmusic

#democracytoday

Rate this item
(0 votes)
back to top