HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

တောင်ကိုရီးယား BIGBANG's ပေါ့ပ် ဂီတပညာရှင် တေယန်း စစ်မှုထမ်းဆောင်ရမည်

တောင်ကိုရီးယား BIGBANG's  ပေါ့ပ် ဂီတပညာရှင် တေယန်း စစ်မှုထမ်းဆောင်ရမည်

ဆိုဝန်၊ မတ် ၁၂

တောင်ကိုရီးယား Bigbang's အဖွဲ့ကြီးမှ ပေါ့ပ်ဂီတအဆိုတော် တေယန်းသည် တောင်ကိုရီးယားနိုင်ငံ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရတော့မည်ဟု Bigbang's  အဖွဲ့ကြီးမှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်သည်။ စစ်မှုထမ်းဆောင်ရမည့်နေ့ အသေးစိတ်ကိုမူ ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပေ။ ဆိုဝန်မြို့သည် တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့မှ ၈၈ ကီလိုမီတာဝေးကွာပြီး ကိုရီးယားအမှတ်(၆) ခြေလျင်တပ်မ ရုံးစိုက်ဖွင့်လှစ်ထားသောမြို့ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် အရွယ်ရောက်သော နိုင်ငံသားတိုင်းသည် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်ထဲဝင်ရမည် ဖြစ်သည်။


အဆိုတော်တေယန်းသည် ယင်းအခမ်းအနားသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က ဆိုက်ရောက်လာခဲ့သည်။ ၎င်းဆိုက်ရောက်လာသော လေဆိပ်သို့ ၎င်းကို အားပေးချစ်မြတ်နိုးသူ ၁ဝဝ ခန့်က လာရောက်ကာ ကြိုဆိုနှုတ်ဆက်ကြသည်။ တေယန်းကလည်း စစ်သားအ လေးပြုနည်းဖြင့် ပရိသတ်အား အလေးပြုနှုတ်ဆက်ကာ စခန်းတွင်းသို့ ဝင်သွားခဲ့သည်။ အသက် (၂၉)နှစ်ရှိ အဆိုတော်တေယန်းသည် "Eyes, Nose, Lips" သီချင်း၊ "Look at Me Only"  သီချင်းများဖြင့် ကိုရီးယား ပေါ့ပ်သီချင်းလောကတွင် ထင်ရှား အောင်မြင်ခဲ့သူဖြစ်သည်။

Ref:Yonhap

#democracytoday

Rate this item
(0 votes)
back to top