HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Selfie ဓာတ်ပုံ တွဲရိုက်တဲ့အခါ မျက်နှာတွေကို ဖုံးကွယ်မထားဖို့ ပရိသတ်တွေကို အရီနာဂရန်ဒီ တိုက်တွန်း

Selfie ဓာတ်ပုံ တွဲရိုက်တဲ့အခါ မျက်နှာတွေကို ဖုံးကွယ်မထားဖို့ ပရိသတ်တွေကို အရီနာဂရန်ဒီ တိုက်တွန်း

လော့စ်အိန်ဂျလိစ်၊ မတ် ၁၂

ပရိသတ်များအနေဖြင့် ၎င်းနှင့် ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုသည့်အခါ မျက်နှာများကို ဖုံးကွယ်မထားရန် အဆိုတော် အရီနာဂရန်ဒီက တိုက်တွန်းလိုက်ပြီး ပရိသတ်များက ၎င်းထံသို့ပြသသည့် ချစ်ခြင်းမေတ္တာအတိုင်း ပြန်လည်ပြသချင်သော ကြောင့်ဖြစ်သည်ဟု ပြောလိုက်သည်။

'Dangerous Woman' အဆိုတော် အရီနာက ''ကျွန်မ ရှင်တို့တွေအားလုံးနဲ့ တွေ့ဆုံ ရတာကို သဘောကျပါတယ်။ ကျွန်မကို ပျော်ရွှင်စေပါတယ်။ ဒါပေမဲ့ ရှင်တို့ရဲ့ မျက်နှာတွေကို emoji တွေနဲ့ အုပ်ထားတာကို တွေ့ရတဲ့အခါ ကျွန်မ စိတ်မကောင်းဖြစ်ရပါတယ်။ အကန့်အသတ်မရှိတဲ့အချစ်ကို ပြသကြတဲ့အတွက် ရှင်တို့ဟာလည်း အဲဒီလိုမျိုး မေတ္တာပြန်လည်ရရှိဖို့ ထိုက်တန်ပါတယ်။ ကျေးဇူး ပြုပြီး ကိုယ့်ကိုယ်ကိုယ် အဲဒီမေတ္တာကို ပြန်ပေးကြပါ။ ရှင်တို့က အဲဒီမေတ္တာနဲ့ ထိုက်တန်ပါတယ်။ ရှင်တို့ချစ်တဲ့အတိုင်းလည်း ချစ်ပါတယ်။ အိပ်မက်လှလှမက်ပါစေ''ဟု ရေးသားပြီး အင်စ တာဂရမ်တွင် ရေးသားခဲ့သည်။


မကြာသေးမီလများအတွင်း ဂီတလောကမှ ခေတ္တပျောက်ကွယ်နေသည့် ၎င်းအတွက် အခက်အခဲဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ ပြီးနောက် အရီနာ၏ ယင်းကဲ့သို့ စိတ်လှုပ်ရှားဖွယ် သတင်းစကား ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်း အရီနာသည် နေမကောင်းဖြစ်ခဲ့ပြီး BRIT ဆုပေးပွဲတွင် ဖျော်ဖြေရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံး ခဲ့ရသည်။ သတင်းအရင်းအမြစ်တစ်ခု၏အဆိုအရ အရီနာသည်ပွဲသို့ လာရောက်ဖျော်ဖြေလိုနေပြီး နေမ ကောင်းဖြစ်ခဲ့သည့်တိုင် လေယာဉ်ပေါ်အထိ တက်ချင်နေခဲ့ကြောင်း ပြောကြားခဲ့သည်။


Ref: contactmusic

#democracytoday

Rate this item
(0 votes)
back to top