Tuesday, 10 April 2018 13:58

ရက်ဆဲလ် ခရိုး၏ ပစ္စည်းများ လေလံတင်ရောင်းချ ဒေါ်လာ ၃ ဒသမ ၇ သန်း ရရှိ

Written by ဝေးမင်း
Rate this item
(0 votes)

ဆစ်ဒနီ၊ ဧပြီ ၉

မင်းသားကြီး ရက်ဆဲလ်ခရိုးသည် အသက်(၅၄)နှစ်ပြည့်မွေး နေ့တွင် ၎င်း၏စုဆောင်းပစ္စည်းများကို လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ ၃ ဒသမ ၇ သန်းရရှိခဲ့ ကြောင်း ဧပြီ ၉ ရက် Contactmusic သတင်းကဆိုသည်။ လေလံတင်ရောင်းချခဲ့သော ပစ္စည်းများထဲတွင် နာရီ ၂၈ လုံး၊ အနုပညာပစ္စည်းများ၊ ရုပ်ရှင်ဇာတ် ကားများတွင် အသုံးပြုခဲ့သော ပစ္စည်းများပါဝင်ခဲ့သည်။ ယခုလို ငွေပမာဏအများအပြားရခဲ့သည့် အတွက် အံ့သြမိသလို မိမိမရောင်း ချင်သောပစ္စည်းများကို ထိန်းသိမ်းထားနိုင်သည့်အတွက်လည်း ဝမ်းသာသည်ဟု ၎င်းကပြောသည်။


ဆစ်ဒနီမြို့လေလံပွဲတွင် ထူး ထူးခြားခြားပစ္စည်းများဈေးကောင်း ရခဲ့သည်။ "Cinderella Man"  ရုပ်ရှင်တွင် အသုံးပြုခဲ့သော အတွင်းခံဘောင်းဘီသည် ကြမ်းခင်းဈေး ဒေါ်လာ ၅ဝဝ သာဖြစ်သော်လည်း ဒေါ်လာ ၇ဝဝဝ အထိဈေးရခဲ့သည်။  မင်းသားလီယိုနာဒိုထံမှ ဝယ်ယူခဲ့သည့် ဒိုင်နိုဆောဦးခေါင်းခွံမှာလည်း ဒေါ်လာခြောက်သောင်းခွဲရခဲ့သည်။ ၁၈ ရာစုနှစ်ကပစ္စတို သေနတ်မှာလည်း ဒေါ်လာနှစ် သောင်းခြောက်ထောင်တောင် ဈေးရခဲ့သည်။ ကြေးနီသင်္ဘောအ မြောက်မှာလည်း ဒေါ်လာနှစ် သောင်းဈေးရခဲ့သည်။


ပန်းချီကားများမှာလည်း ဒေါ်လာခုနစ်သောင်းမှ ဒေါ်လာ သုံးသိန်းခြောက်သောင်းအထိ ဈေးရခဲ့သည်။ ရှေးဟောင်းတယော တစ်လက်မှာလည်းဒေါ်လာတစ် သိန်းသုံးသောင်းကျော်ဈေးရခဲ့သည်။  ရက်ဆဲလ်သည် ဇနီးဖြစ်သူ စပန်ဆာနှင့်ယခင်နှစ်က လမ်းခွဲခဲ့သည်။ ထိုဇနီးနှင့်သားနှစ်ဦးမွေး ဖွားခဲ့သည်။ မိမိစုဆောင်းထား သော ပစ္စည်းများကို လေလံတင် ရောင်းချရသည့်အတွက် ဝမ်းမနည်းမိဟု ၎င်းက ပြောသည်။

Ref; Contactmusic

 

Read 147 times
Login to post comments