Tuesday, 10 April 2018 14:02

ကားနေးဝက်စ်ကို ညီတစ်ယောက်လို သဘောထားဟု ဂျေဇီ ပြော  

Written by ဝေးမင်း
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၉

ကားနေးဝက်စ်ကို ညီတစ်ယောက်လို သာသဘောထားသည်ဟု ဂျေဇီက ပြောလိုက် ကြောင်း ဧပြီ ၉ ရက် Contactmusic သတင်းကဆိုသည်။ မိမိတို့နှစ်ဦး မကြာ ခဏအချင်းများခဲ့ကြသော်လည်း ထာဝရညီအစ်ကိုများဖြစ်ကြသည်ဟုလည်း ၎င်းက ပြောသည်။


''သူ့ကို ညီတစ်ယောက်လို သဘောထားပါတယ်။ မိတ်ဆွေတွေဆိုတာထက်ပိုပါတယ်။ ကားနေးဟာ ကျွန်တော့်ညီလို့ ပြောလို့ရပါတယ်။ ညီအစ်ကိုတွေဆိုတာ တစ်ခါတစ်ရံမှာ တော့ ပြဿနာလေးတွေရှိကြတာပါ။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ သူဟာ ကျွန်တော့်ရဲ့ ထာဝရညီပါ။ ကားနေးကို ကျွန်တော်စောင့် ကြည့်ခဲ့ပါတယ်။ သူအောင်မြင်မှုရပေမယ့် ဘာမှ ပြောင်းလဲမသွားတာဟာ ကျွန်တော် သူ့ကိုလေးစားတဲ့အချက်ပါ''ဟု ဂျေဇီက ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောသည်။ သို့သော် မိမိတို့နှစ်ဦးသည် ပြိုင်ဘက် ရက်ပ်ပါအဆိုတော်များ ဖြစ်ကြသော ကြောင့် ပွတ်တိုက်မှုအချို့နှင့် မလွဲမသွေ ရင်ဆိုင်ရမည်ဟု လည်း ဂျေဇီက ဝန်ခံပြောကြား သည်။


''ကျွန်တော်တို့နှစ်ယောက် ချစ်ကြပါတယ်။ တစ်ယောက်ရဲ့ အနုပညာကို တစ်ယောက်က အပြန်အလှန်လေးစားကြပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက နံပါတ် တစ်ဖြစ်ချင်နေတာလေ။ ဒါပေမဲ့ ဘယ်လိုပြောမလဲ။ အဖုအထစ်လေးတွေ တော့ ရှိမှာပါ။ ကျွန်တော်တို့နှစ်ယောက် စလုံး အဘိုးကြီးတွေဖြစ်သွားရင်တော့ ဒီကိစ္စ တွေပြန်ပြောပြီး ရယ်မိကြပါလိမ့်မယ်။ ကျွန်တော်တို့နှစ်ယောက် တကယ်ကို ချစ် ကြပါတယ်''ဟု ဂျေဇီက ပြောသည်။

Ref:Contactmusic

Read 153 times
Login to post comments