Tuesday, 10 April 2018 14:09

ဗီဇ အသိစိတ်ကို အားကိုးသော မီဂန်ဖောက်စ်

Written by ဝေးမင်း
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၉

မင်းသမီး မီဂန်ဖောက်စ်က မိမိသည် ဗီဇအသိစိတ်ကို အားကိုးသူဖြစ်ကာ အဆိုပါ ဆဋ္ဌမအာရုံကို လေ့ကျင့်နေသည်မှာ နှစ်နှင့်ချီကြာခဲ့ပြီဖြစ်ပြီး ပြဿနာများကို ၉၉ ရာ ခိုင်နှုန်းမှန်ကန်အောင် ဆုံးဖြတ်ချက်ချဖြေရှင်းနိုင်သည်ဟု ပြောကြားလိုက်ကြောင်း ဧပြီ ၉ ရက် Contactmusic သတင်းကဆိုသည်။


''ဗီဇအသိစိတ်ရဲ့ လမ်း ညွှန်ရာကို လိုက်လေလေ ဆဋ္ဌမအာရုံ အား ကောင်းလာလေလေပဲ။ ကျွန်မ ဘယ်တော့မှ ဆုံးဖြတ်ချက်မမှားတဲ့ အထိကို အားကောင်းလာတယ်။ ဗီဇအသိစိတ်အရ တစ်ခုခုကို ကျွန်မ ပြင်းပြင်းထန်ထန် လုပ်ချင်လာပြီဆိုရင် အဲဒီအတိုင်း ကျွန်မလုပ်လိုက်တာပဲ။ ဗီဇစိတ်ကို အခြေ ခံပြီး ကျွန်မဆုံးဖြတ်ခဲ့တာတွေဟာ ၉၉ ရာခိုင်နှုန်းမှန်ခဲ့ပါတယ်''ဟု ပြောသည်။


''ဥပမာဆိုပါစို့။ ကျွန်မသားအကြီးကောင် အရေ ပြားမှာ အနီကွက်တွေ ထပြီး ယားနေတယ်။ အဲဒါ နွားနို့သောက်လို့ ဖြစ်ရတာလို့ ကျွန်မအာရုံထဲမှာ ထင်လာတဲ့အတွက် သူ့ကို နွားနို့ပေးမသောက် တော့ဘူး။ အဲဒါနဲ့ အနီကွက်တွေလည်း ပျောက် သွားတယ်။ တခြားသူတွေဆိုရင်တော့ ဆရာဝန်ဆီ ပြေးကြမှာပဲ။ ကျွန်မကတော့ ဗီဇအသိ စိတ်အတိုင်းပဲ လိုက်လုပ် တယ်''ဟု မီဂန်ဖောက်စ် က ပြောသည်။ ခင်ပွန်းဖြစ်သူ ဘရိုင် ယန်အော်စတင်ဂရင်းနှင့် အတူ သားသမီးသုံးဦးရှိ သော မီဂန်ဖောက်စ်သည် မိမိသည် သရုပ်ဆောင်ရသည် ကို ပျော်ရွှင်သော်လည်း အလွန် ဝါသနာပါ လွန်းလှသည်မဟုတ်ဟု လည်း ပြောသည်။


Ref:Contactmusic

 

Read 159 times
Login to post comments