HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ပတ်ဝန်းကျင် အမြင်တွေကို ဂရုမစိုက်တော့ဘူး'' အန်နာဖားရစ်

''ပတ်ဝန်းကျင် အမြင်တွေကို ဂရုမစိုက်တော့ဘူး'' အန်နာဖားရစ်

လော့စ်အိန်ဂျလိစ်၊ မေ ၁၄ 

မိမိအကြောင်း သတင်းများ၊ အတင်းများကို ဂူဂဲလ်တွင် ရှာဖွေခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ဘေးပတ်ဝန်းကျင်၏အမြင်များကို ဂရုမစိုက်တော့ဟု အမေရိကန်မင်းသမီး အန်နာဖားရစ်က ပြောကြားလိုက်ကြောင်း မေ ၁၄ ရက် Contactmusic သတင်းကဆိုသည်။ အသက် (၄၁)နှစ်ရှိပြီးဖြစ်သော အန်နာဖား ရစ်သည် ယခင်နှစ် သြဂုတ်လက ချစ်သူဖြစ်သူ ဟောလီးဝုဒ်မင်းသား ခရစ်ပရတ်နှင့် လမ်းခွဲခဲ့သည်။ ထိုသို့လမ်းခွဲခဲ့ပြီး နောက်ပိုင်းတွင် ပတ်ဝန်းကျင်၏ ထင်မြင်ယူဆချက်များကို ဥပေက္ခာပြုလိုက်ပြီဟု ပြောကြားလိုက် ခြင်းဖြစ်သည်။

''ကျွန်မ အခု ဂူဂဲလ်မှာ ကိုယ့်အကြောင်း သတင်းတွေ၊ အတင်းတွေကို ရှာမဖတ်တော့ဘူး။ တစ်ခါတလေ ကျွန်မလက်ထောက်လေးက အင်တာနက်ပေါ်မှာ ဘာတွေ၊ ညာတွေ ပြောနေကြတယ်ဆိုပြီး လာပြောတယ်။ ကျွန်မကလည်း ငါ အဲဒီဟာတွေ စိတ်မဝင်စားဘူး။ လာမပြောနဲ့ဆိုပြီး သူ့ကိုပြောထားတယ်''ဟု အန်နာဖားရစ်ကဆိုသည်။


အန်နာဖားရစ်သည် ခရစ်ပရက်နှင့်အတူ အသက်ငါးနှစ် အရွယ်သားကလေးဂျက် ထွန်းကားခဲ့သည်။ လမ်းခွဲရသည်မှာ နာကျင်သည်ဟု မကြာသေးမီက ခရစ်ပရက်ပြောခဲ့ရာ အင်တာနက်ပေါ်တွင် အမျိုးမျိုးသော သုံးသပ်ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။ သို့သော် အန်နာဖားရစ်က မိမိနှင့် ခရစ်ပရက်တို့မှာ ကိုယ့်ဘဝနှင့် ကိုယ်အဆင်ပြေနေကြပြီ ဖြစ်ကြောင်း နှစ်ဦးစလုံး အခင်အမင်မပျက် ကြကြောင်း ပြောသည်။

Ref: Contactmusic
#democracytoday

Rate this item
(0 votes)
back to top