HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အလုပ် အလွန်များသော်လည်း ပင်ပန်းသည်ဟု မခံစားရဟု မားဂေါ့ရော်ဘီပြော  

အလုပ် အလွန်များသော်လည်း ပင်ပန်းသည်ဟု  မခံစားရဟု မားဂေါ့ရော်ဘီပြော   

ဆစ်ဒနီ၊ မေ ၁၄

သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေး ပရိုဂျူဆာအလုပ်ပါ လုပ်ကိုင်လျက်ရှိသော မားဂေါ့ရော်ဘီက မိမိအလုပ်အလွန်များနေသော်လည်း ထိုအလုပ်ကို ချစ်မြတ်နိုးသောကြောင့် ပင်ပန်းသည်ဟု မခံစားရကြောင်း ပြောသည်ဟု မေ ၁၄ ရက် Contactmusic သတင်းကဆိုသည်။ ၂ဝ၁၆ ခုနှစ်တွင် Terminal ရုပ်ရှင်ဖြင့် ပရိုဂျူဆာလောကထဲ ဝင်ရောက်လာသော သြစတြေးလျမင်းသမီး မားဂေါ့ရော်ဘီက ''မောတော့ မောတာပေါ့။ ဒါပေမဲ့ မမောဘူး''ဆိုသလို အလုပ်လုပ်ရသည်ကို နှစ်ခြိုက်ပျော်ရွှင်လျက်ရှိသည်ဟု ပြောသည်။

''အဲဒီရုပ်ရှင်ကားမှာ ကျွန်မပညာတွေ အများကြီးရလိုက်တယ်။ အဲဒါက ကျွန်မ ပရိုဂျူဆာအနေနဲ့ ပထမဆုံးထုတ်တဲ့ကား။ ဒီတော့ ကျွန်မအားလုံးကို အောက်ခြေသိမ်း လေ့လာရတယ်။ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆက်ထုတ်တဲ့ ဇာတ်ကားတွေမှာတော့ ပရိုဂျူဆာလုပ်ရတာ အများကြီး ပိုလွယ်သွားပါတယ်''ဟု မားဂေါ့ရော်ဘီ (၂၇)နှစ်က ပြောသည်။


''ပရိုဂျူဆာလုပ်ရတာ တကယ့်ကို အလုပ်ရှုပ် ခေါင်းစားပါတယ်။ အနုပညာကို တကယ်ဝါသနာပါတဲ့သူပဲ လုပ်နိုင်တာပါ။ အချိန်အများကြီး ပေးရတယ်။ အများကြီး ကြိုးစားရတယ်''ဟု ဆက်ပြောသည်။ ''ဒါပေမဲ့ ကိုယ့်တကယ် စိတ်အားထက်သန်တဲ့ဟာကို လုပ် နေရပြီဆိုရင်တော့ အချိန်တွေ ဘယ်လိုကုန်သွားတယ်ဆိုတာ သတိထားမိမှာမဟုတ်ဘူး။ ကိုယ့်မိတ်ဆွေ တွေ၊ မိတ်ဆွေအရင်းတွေ၊ မိတ်ဆွေအသစ်တွေနဲ့ အတူတွဲပြီးလုပ်ရမယ်ဆိုရင် အလုပ်လုပ်နေရတယ်လို့တောင် တွေးမိမှာ မဟုတ်ပါဘူး''ဟု မားဂေါ့ရော်ဘီက ပြောသည်။ 

Ref: Contamusic

#democracytoday

Rate this item
(1 Vote)
back to top