HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကျော်ကြားမှုကို ကြောက်ရွံ့ခဲ့ဟု လီယန်ပိန်း ဝန်ခံ

ကျော်ကြားမှုကို ကြောက်ရွံ့ခဲ့ဟု လီယန်ပိန်း ဝန်ခံ

လန်ဒန်၊ မေ ၁၅

မိမိ၏ ဂီတသက်တမ်းအစပိုင်းတွင် ကျော်ကြားမှုကို ကြောက်ရွံ့ခဲ့သည်ဟု One Direction အဖွဲ့ဝင်ဟောင်း လီယန်ပိန်းက ဝန်ခံပြောကြားလိုက်ကြောင်း မေ ၁၅ ရက် Contactmusic သတင်းကဆိုသည်။ အောင်မြင်မှုကြောင့် သေမတတ်ပင် ဖြစ်ခဲ့ရသည်ဟုလည်း ''Strip That Down''သီချင်း ဖြင့် ကျော်ကြားခဲ့သော လီယန်ပိန်း (၂၄)နှစ်က ပြောသည်။ လီယန်ပိန်းသည် ဗြိတိန်နိုင်ငံ၏ ''The X Factor''အဆိုပြိုင်ပွဲတွင် အသက်(၁၄)နှစ် အရွယ်၌ ဝင်ပြိုင်ကာ အောင်မြင်ကျော်ကြားမှု အရသာကို စတင်ထိတွေ့ခံစားခဲ့ရသူ ဖြစ်သည်။

သို့သော် One Direction အဖွဲ့ ပြိုကွဲပြီး နောက် ၂ဝ၁၅ ခုနှစ်တွင် ဂီတခရီးကို တစ်ကိုယ် တော် စတင်လျှောက်လှမ်းခဲ့ရကြောင်း၊ ယခင်တုန်းကလို မအောင်မြင်တော့မည်ကို စိုးရိမ်ကြောင့် ကြခဲ့ရကြောင်း လီယန်ပိန်းကပြောသည်။ ''ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်''ဟု ၎င်းက ပြောသည်။ ''အဖွဲ့ကွဲသွားပြီးတဲ့နောက် ငါ အောင်မြင် မှုကို ပြန်ပြီးရယူမယ်ဆိုတဲ့အတွေးတွေနဲ့ ကျွန် တော် ရုန်းကန်ခဲ့ရတယ်။ အောင်မြင်မှုက ကျွန်တော့်ကို ခြောက်လှန့်ခဲ့တယ်။ သေမတတ် ကြောက်ရွံ့ ခဲ့ရတယ်''ဟု လီယန်ပိန်းက ပြောသည်။


လက်ရှိတွင် လီယန်ပိန်းသည် ချစ်သူချယ်ရီ နှင့် (၁၃)လအရွယ် သားကလေး ဘဲရ်ကို ရရှိထားသည်။ တစ်ကိုယ်တော်ဘဝဖြင့်လည်း ဂီတခရီးကို အောင်မြင်စွာ ဆက်လက်လျှောက် လှမ်းလျက်ရှိသည်။ မိမိ ယခုလိုအဆင်ပြေနေ ခြင်းမှာ ရိုးသားသော မိတ်ဆွေများ၏ အကူအညီများစွာပါဝင်သည်ဟုလည်း ၎င်းက ပြောသည်။ 

Ref: Contactmusic

#democracytoday

Rate this item
(0 votes)
back to top