HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ပရင့်စ်၏ သီချင်းခွေကို ဂျေဇီ၏ Tidal တွင် ထုတ်လွှင့်မည်

ပရင့်စ်၏ သီချင်းခွေကို ဂျေဇီ၏ Tidal တွင် ထုတ်လွှင့်မည်

နယူးယောက်၊ မေ ၁၅

ဂျေဇီတည်ထောင်သော Tidal အွန်လိုင်းဂီတဝန်ဆောင်မှုလုပ်ငန်းသည် ကွယ်လွန်သွားပြီဖြစ်သော ပရင့်စ်၏ မထွက်ရှိရသေးသော သီချင်း ခွေကို ထုတ်လွှင့်ခွင့်ရခဲ့ပြီဖြစ်ကြောင်း မေ ၁၅ ရက် Contactmusic သတင်းကဆိုသည်။ Tidal သည် ပရင့်စ်၏သီချင်းခွေကို လာမည့်နှစ်ထဲတွင် ထုတ်လွှင့်မည်။ Tidal တစ်ခုတည်းတွင်သာ ၁၄ ရက်ကြာ ထုတ်လွှင့်ပြီးနောက် စီဒီ၊ ဒီဗီဒီချပ်များဖြင့် ရောင်းချရန် စီစဉ်ထားသည်။

''ပရင့်စ်က သူ့သီချင်းတွေကို ပရိသတ်ဆီ အရောက်ပို့ပေးချင်တယ်။ အဲဒီဆန္ဒကိုပဲ ကျွန်တော်တို့က ဖြည့်ဆည်းပေးတာပါ''ဟု ဂျေဇီကပြောသည်။ ''ပရင့်စ်နဲ့ ကျွန်တော် ရိုးရိုးသားသား အကြိတ်အနယ် ဆွေးနွေးခဲ့တယ်။ အဲဒီနောက် Hit N Run 1  နဲ့ Hit N Run 2  သီချင်းခွေတွေကို Tidal ကနေ ထုတ်လွှင့်ဖို့ သူရွေးချယ်ခဲ့တာပါ''ဟု ဂျေဇီက ရှင်းပြသည်။


ဂျေဇီသည် ယခုလို ထုတ်လွှင့်ခွင့်ရရှိရန် အသံသွင်းကုမ္ပဏီများနှင့် အကြိတ်အနယ် တရားတပေါင် ရင်ဆိုင်ခဲ့ရသည်။ ထုတ်လွှင့်ခွင့်ရှိသည့် ကာလမှာလည်း တစ်နှစ်သာ ဖြစ်ကြောင်းသိရသည်။ ၂ဝ၁၆ ခုနှစ် ဧပြီတွင် ဆေးပမာဏလွန်ကဲကာ သေခဲ့ရသော ပရင့်စ်သည် ၂ဝ၁၅ ခုနှစ်တွင် Spotify ကဲ့သို့သော အွန်လိုင်းဂီတဝန်ဆောင်မှု လုပ်ငန်းများမှ ၎င်း၏သီချင်းအားလုံးကို ပြန်လည်ရုပ်သိမ်းစေခဲ့သည်။

Ref: Contactmusic

#democracytoday

Rate this item
(0 votes)
back to top