HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သရုပ်ဆောင်ခ နည်းသည့်အတွက် စောဒက မတက်လိုသော အေမီအဒမ်

သရုပ်ဆောင်ခ နည်းသည့်အတွက် စောဒက မတက်လိုသော အေမီအဒမ်

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၁

ရုပ်ရှင်မင်းသမီးတစ်ဦးအနေဖြင့် အမျိုးသားထက် သရုပ်ဆောင်ခနည်းနေသဖြင့် စောဒကမတက်လိုကြောင်း၊ အခြားသောကဏ္ဍများတွင် ကျား/မ လုပ်ခလစာကွာခြားမှုမှာ ပိုမိုကြီးမားနေသဖြင့် စောဒကမတက်လိုခြင်းဖြစ်ကြောင်း အေမီအဒမ်က ပြောကြားသည်ဟု ဇွန် ၁၁ ရက် Contactmusicသတင်းက ဆိုသည်။

၂ဝ၁၄ ခုနှစ်တွင် Sony ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဆိုက်ဘာတိုက်ခိုက်ခံခဲ့ရရာ အီးမေးလ်များ ပေါက်ကြားခဲ့သည်။ ပေါက်ကြားခဲ့သော အီးမေးလ်များအရ "American Hustle ရုပ်ရှင်တွင် အေမီအဒမ်နှင့် ဂျနီဖာလော ရင့်စ်တို့ရခဲ့သော သရုပ်ဆောင်ခသည် တွဲဖက်မင်းသားများဖြစ်ကြသော ဘရတ်ဒလေကူးပါးနှင့် ခရစ်ရှန်ဘေးလ်တို့ထက် ပိုနည်းနေကြောင်းသိခဲ့ရသည်။ ဟောလိဝုဒ်လောကတွင် ကျား/မ လုပ်ခလစာ ခွဲခြား မှုနှင့်ပတ်သက်၍ ဂျနီဖာလော့ရင့်စ်သည် အက်ဆေးတစ်ပုဒ် ရေးသားကာ စောဒကတက်ခဲ့သော်လည်း အေမီအဒမ်မှာ နှုတ်ဆိတ်နေခဲ့သည်။


ထိုကိစ္စနှင့်ပတ်သက်၍ အေမီအဒမ်က''အမျိုးသားတွေထက် သရုပ်ဆောင်ခ နည်းတဲ့အတွက် ကျွန်မဘယ်လိုခံစားရတယ်ဆိုတာ လူတိုင်းက ထုတ်ပြောစေချင်ကြတယ်။ ဒါပေမဲ့ အခြားကဏ္ဍတွေမှာ ကျား/မ လုပ်ခလစာ ခွဲခြားမှုက ပိုဆိုးနေပါတယ်။ ဒီတော့ ကျွန်မသရုပ်ဆောင်ခရတာ နည်းတယ်ဆိုပြီး ပြောလိုက်ရင် အခြားကဏ္ဍက အမျိုးသမီးအလုပ်သမားတွေကို မလေးစားသလို ဖြစ်သွားပါလိမ့်မယ်။ တကယ်ဆို သူတို့အတွက် ကျွန်မတို့က စောဒကတက်ပေးရ မှာပါ''ဟု ရှင်းပြသည်။ ''ကျား/မ လုပ်ခလစာ တန်းတူရသင့်တယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမဲ့ ကျောင်းဆရာလောက၊ စားပွဲထိုးလောကတွေမှာ ခွဲခြားမှုပပျောက်အောင် အရင်ဆုံးကြိုးစားရပါမယ်။ ဟောလိဝုဒ် တစ်ခုတည်းကိုပဲ ကွက်မကြည့်ဘဲ နယ်ပယ်အားလုံးကို ကြည့်ရ ပါလိမ့်မယ်''ဟု ၎င်းက ပြောသည်။ 

Ref: Contactmusic

#democracytoday

Rate this item
(0 votes)
back to top