HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သားသမီးယူရန် လိုရမည်ရ ပြင်ဆင်ထားသော ဆာရာပေါလ်ဆင်

သားသမီးယူရန် လိုရမည်ရ ပြင်ဆင်ထားသော ဆာရာပေါလ်ဆင်

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၁

သားသမီးယူချင်စိတ် ရှိ၊ မရှိ မသေချာသေး သော်လည်း ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မျိုးဥများကို အအေးခန်းထဲတွင် သိမ်းဆည်းသိုလှောင်ထားသည်ဟု မင်းသမီးကြီးဆာရာပေါလ်ဆင် (၄၃) နှစ်က ပြောကြားလိုက်ကြောင်း ဇွန် ၁၁ ရက် Contactmusic သတင်းကဆိုသည်။ လက်ရှိတွင် အိမ်ထောင်ပြုကာ သားသမီးယူရန် အစီအစဉ်မရှိသေးသော်လည်း နောင်တစ်ချိန်တွင် သားသမီးယူကာ မိသားစုတစ်စု ထူထောင်လိုသည့်ဆန္ဒ ပေါ်ပေါက်လာပါက နောင်တမရစေရန် ယခုလိုသားဥကို သိမ်းဆည်းထားရခြင်းဖြစ်သည်ဟု ဆာရာပေါလ်ဆင်က ပြောသည်။

''ကျွန်မ ကလေးတွေကို ချစ်ပါတယ်။ ဒါပေမဲ့ ကလေးယူဖို့ကျတော့လည်း မဝံ့မရဲဖြစ်နေတယ်။ တစ်ချိန်ချိန်မှာ နောင်တရလာနိုင်တဲ့အတွက် သားဥတွေကို သိမ်းထားတာပါ''ဟု ဆာရာပေါလ်ဆင်က ရှင်းပြသည်။ ဆာရာပေါလ်ဆင်သည် ယခင်ကသူ့ထက် ၁၈ နှစ်ကြီးသောချယ်ရီဂျုန်းစ်နှင့်တွဲခဲ့သလို လက်ရှိတွင်လည်း အသက် (၇၅) နှစ်ရှိပြီဖြစ်သော ဟော်လန်တေလာနှင့် တွဲ နေသည်။ ကလေးဘဝတွင် မိစုံဖစုံမနေခဲ့ရသော ဆာရာပေါလ်ဆင်က ''သူငယ်ချင်းတွေဆိုလည်း ကျွန်မထက် အသက်ကြီးတဲ့သူတွေပဲ။

 

လူတော်တော်များများက အသက်ကြီးတဲ့သူတွေကို နားလည်မပေးနိုင်ကြဘူးလို့ ကျွန်မထင်တယ်။ သူတို့လည်း အသက်ကြီးလာမှာပဲဆိုတာ ထည့်မတွက်ကြဘူး''ဟုလည်း ပြောသည်။ ''ကျွန်မထက် အသက်ပိုကြီးပြီး အတွေအခေါ် အမြော်အ မြင်ပိုရှိတဲ့သူတွေနဲ့တွဲခွင့်ရတာ ကျွန်မအတွက် ကံကောင်းပါ တယ်''ဟု ဆာရာပေါလ်ဆင်ကပြောသည်။


Ref: Contactmusic

#democracytoday

Rate this item
(0 votes)
back to top